ကစားသမားသစ်များ ခေါ်ယူရန် ကြိုးပမ်းနေသည်ဟု ဆိုးလ်ရှား အတည်ပြု

ကစားသမားသစ်များ ခေါ်ယူရန် ကြိုးပမ်းနေသည်ဟု ဆိုးလ်ရှား အတည်ပြု
Photos: Getty Images
Photos: Getty Images
Published 18 September 2020

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက မိမိတို့အနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ ခေါ်ယူရန် ကြိုးပမ်းနေကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ အောက်တိုဘာ (၅)ရက်တွင် ပိတ်သိမ်းမည်ဖြစ်ပြီး မန်ယူအသင်းသည် လက်ရှိအချိန်အထိ အေဂျက်စ်အသင်းမှ ဗန်ဒယ်ဘိခ်တစ်ဦးတည်းသာ ခေါ်ယူထားရသေးသည်။ 

မန်ယူအသင်းသည် လက်ရှိတွင် ဒေါ့မွန်တောင်ပံကစားသမား ဆန်ချို၊ ဝက်ဖို့ဒ်တောင်ပံကစားသမား အစ္စမေလာဆားတို့ကို ခေါ်ယူရန်ချိတ်ဆက်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။ 

ဆိုးလ်ရှားက မိမိအနေဖြင့် အခြားအသင်းမှ ကစားသမားအကြောင်း မပြောလိုကြောင်းနှင့် ကစားသမားသစ်များ ခေါ်ယူရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ 

"တခြားအသင်းက ကစားသမားတွေအကြောင်းကို ကျွန်တော် မပြောချင်ပါဘူး။ အသင်းတိုးတက်ရေးအတွက် ကျွန်တော်တို့အနေနဲ့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ရမှာပါ။ ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ"ဟု ပြောကြားခဲ့သည်။ 

ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်း ကစားသမားခေါ်ယူမှု အားနည်းခြင်းနှင့်ပတ်သက်ပြီး အသင်းပရိသတ်များက စိတ်ပျက်လျက်ရှိကာ အသင်းကို ဝေဖန်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent