စပါးအသင်း၏ ယူရိုပါလိဂ်လူစာရင်းမှ ဒယ်လီအယ်လီ ဖယ်ထုတ်ခံခဲ့ရပြီး အသင်းမှ ထွက်ခွာရန် နီးစပ်လာခဲ့ပြီဟု မီဒီယာများဖော်ပြ

စပါးအသင်း၏ ယူရိုပါလိဂ်လူစာရင်းမှ ဒယ်လီအယ်လီ ဖယ်ထုတ်ခံခဲ့ရပြီး အသင်းမှ ထွက်ခွာရန် နီးစပ်လာခဲ့ပြီဟု မီဒီယာများဖော်ပြ
Published 17 September 2020

စပါးအသင်း၏ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဒယ်လီအယ်လီသည် ပြီးခဲ့သည့် ကြာသပတေးနေ့က ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့သည့် လိုကိုမိုးတစ်ပလော့ဒစ်နှင့်ပွဲတွင် အသင်းလူစာရင်းမှ ဖယ်ထုတ်ခံခဲ့ရရာ အသင်းမှထွက်ခွာရန် ပိုမိုနီးစပ်လာခဲ့ပြီဖြစ်ကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။

ဒယ်လီအယ်လီသည် လက်ရှိအချိန်တွင် ဂါရတ်ဘေးလ်နှင့် အလဲအထပ်အဖြစ် ရီးယဲလ်မက်ဒရစ်အသင်းထံ ပြန်လည်သွားရောက်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသလို၊ PSG နှင့် အင်တာမီလန်အသင်းတို့၏ စိတ်ဝင်စားခြင်းကိုခံနေရသူလည်းဖြစ်သည်။

ဒယ်လီအယ်လီသည် စပါးအသင်း၏ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့သည့် အဲဗာတန်နှင့်ပွဲတွင် ပွဲထွက်ကစားခွင့်ရခဲ့သော်လည်း ခြေစွမ်းမပြနိုင်ခဲ့ဘဲ လူစားလဲခံခဲ့ရသူဖြစ်ပြီး အသင်းနည်းပြ မော်ရင်ဟိုနှင့် အယ်လီတို့ အကြားဆက်ဆံရေးအခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ကြောင်းလည်း သိရှိရသည်။

အယ်လီသည် (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်ခဲ့သည့် ဆောက်ဂိတ်၏ အင်္ဂလန်အသင်းတွင် အဓိက ကစားသမားအဖြစ် ကစားခွင့်ရခဲ့သူဖြစ်ပြီး မော်ရင်ဟိုအသင်းကို ရောက်ရှိပြီးနောက်တွင်မူ စပါးအသင်း၌ ခြေစွမ်းမပြနိုင်ဖြစ်နေပြီး၊ လတ်တလော အင်္ဂလန်အသင်း၏ ပွဲစဉ်များ၌လည်း ရွေးချယ်ခြင်းမခံရသည့်အပေါ် စိတ်ပျက်နေပြီး  အသင်းမှ ထွက်ခွာလိုနေသည်ဟု သိရှိရသည်။

Most Read

Most Recent