ချင်းပြည်နယ် ကျီခါးမြို့တွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မဲဆွယ်စည်းရုံးရေး ပြုလုပ်

ချင်းပြည်နယ် ကျီခါးမြို့တွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မဲဆွယ်စည်းရုံးရေး ပြုလုပ်
တွန်းဇံမြို့မှ ကျီခါးမြို့သို့ ဆိုင်ကယ်ဖြင့် ZCD ပါတီဝင်များ သွားရောက်စဉ် Photo - ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်
တွန်းဇံမြို့မှ ကျီခါးမြို့သို့ ဆိုင်ကယ်ဖြင့် ZCD ပါတီဝင်များ သွားရောက်စဉ် Photo - ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်
Published 16 September 2020

ချင်းပြည်နယ် ကျီခါးမြို့တွင် စက်တင်ဘာ ၁၆ ရက်က ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီအနေဖြင့် မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မဲဆွယ်စည်းရုံးရေးပြုလုပ်မည့် ကျီခါးမြို့သို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝင်လူငယ်များက ဆိုင်ကယ်အစီးရေ ၅၀ ဖြင့် တွန်းဇံမြို့မှ သွားရောက်ပူးပေါင်းခဲ့ကြောင်း တီးတိန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးပင့်ကမ်းလျန်က ပြောကြားသည်။

“ဒီနေ့က တွန်းဇံကနေ ကျီခါးအထိ ဆိုင်ကယ်နဲ့ သွားနေကြပြီ။ ဆိုင်ကယ်အစီး ၅၀ လောက်သွားပါတယ်။ တွန်းဇံက သွားတာကတော့ လူငယ်တွေပါပဲ။ ကိုယ်စားလှယ်တွေကတော့ ကျီခါးမှာစောင့်နေပါတယ်။ ကျီးခါးရောက်ရင် လူစုခွဲပြီးတော့ ရွာအလိုက် စည်းရုံးရေးဆင်းမှာပါ” ဟု ဦးပင့်ကမ်းလျန်က ဆိုသည်။

လက်ရှိတွင် ချင်းပြည်နယ်အတွင်း လမ်းများမှာ မြေပြိုမှုဖြစ်ပွားနေသဖြင့် မဲဆွယ်စည်းရုံးရေးဆင်းမရသည့် ရွာများလည်းရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လောလောဆယ်တော့ တချို့ရွာတွေသွားတယ်။ ဒါပေမဲ့ လမ်းတွေ မြေပြိုတော့လည်း သွားလို့မရတာတွေ အများကြီးရှိတယ်။ တစ်ချို့နေရာတွေက ကားသွားလို့ကိုမရတာ။ ဆိုင်ကယ်လောက်ပဲ သွားလို့ရတယ်။ ဒီလို အခက်အခဲတွေတော့ ရှိတယ်” ဟု ဦးပင့်ကမ်းလျန်က ပြောကြားသည်။

Most Read

Most Recent