အရည်အသွေးမြင့် ကစားသမားအချို့ကို ဆုံးရှုံးရနိုင်သည်ဟု ဖလစ်ခ် ဝန်ခံ

အရည်အသွေးမြင့် ကစားသမားအချို့ကို ဆုံးရှုံးရနိုင်သည်ဟု ဖလစ်ခ် ဝန်ခံ
Published 28 August 2020

ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်ခ်က မိမိအသင်းမှ အရည်အသွေးမြင့်ကစားသမားအချို့ကို ဆုံးရှုံးရနိုင်သည်ဟု ဝန်ခံပြောဆိုခဲ့သည်။ 

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂိုသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် တောင်းဆိုထားပြီး လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။ 

ထို့အပြင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်တစ်နှစ်သာကျန်ရှိတော့သည့် နောက်ခံလူများဖြစ်သော အလာဘာနှင့် ဘိုတန်တို့မှာလည်း စာချုပ်သက်တမ်းတိုးဖွယ်မရှိဘဲ အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း သိရသည်။ 

ဖလစ်ခ်က "အရည်အသွေးမြင့်ကစားသမားတချို့ကို ဆုံးရှုံးရနိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ ကိုင်တွယ်ရမယ်။ ဒီလူစာရင်းအတိုင်း ဆက်ရှိရင် ကျွန်တော့်အတွက် ကောင်းတာပေါ့။ ဒါပေမဲ့ ကိစ္စက ဒီအတိုင်း မဟုတ်ပါဘူး"ဟု ဂျာမန်သတင်းစာ Die Zeit သို့ ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် မန်စီးတီးမှ ဂျာမန်တောင်ပံကစားသမား ဆာနေး၊ PSG နောက်ခံလူ ကူယက်ဆီနှင့် ရှော်လ်ကေးဂိုးသမား နူဘယ်လ်တို့ကို ခေါ်ယူထားသည်။ 

Most Read

Most Recent