မီလင်ကိုဗစ်ကို ယူရိုသန်း(၆၀)ဖြင့် PSG အသင်း ကမ်းလှမ်း

မီလင်ကိုဗစ်ကို ယူရိုသန်း(၆၀)ဖြင့် PSG အသင်း ကမ်းလှမ်း
Photo: Getty Images
Photo: Getty Images
Published 28 August 2020

PSG အသင်းသည် လာဇီယိုအသင်းမှ ဆားဘီးယားကွင်းလယ်ကစားသမား မီလင်ကိုဗစ်ကို ယူရိုသန်း(၆၀)ဖြင့် စတင်ကမ်းလှမ်းလိုက်ကြောင်း သိရသည်။ 

လာဇီယိုအသင်းသည် မီလင်ကိုဗစ်(၂၅ နှစ်)ကို ထိုက်တန်သည့်ဈေးနှုန်းဖြင့် ကမ်းလှမ်းခဲ့ပါက ထွက်ခွာခွင့်ပြုမည်ဟု ကတိပေးထားကြောင်း သိရသည်။ 

ယခု PSG အသင်း၏ ကမ်းလှမ်းမှုမှာ ၎င်းတို့အလိုရှိသည့် ဈေးနှုန်းနှင့် ကွာဟနေသော်လည်း ဆွေးနွေးမှုစတင်နိုင်ဖွယ်ရှိသည်ဟု အီတလီမီဒီယာများက သုံးသပ်ခဲ့ကြသည်။ 

မီလင်ကိုဗစ်သည် ဥရောပထိပ်တန်းအသင်းများစွာ၏ ခေါ်ယူရန် စိတ်ဝင်စားခြင်းခံနေရသည့် ကစားသမားတစ်ဦးဖြစ်ပြီး လာဇီယိုအသင်းနှင့် စာချုပ်သက်တမ်းမှာ ၂၀၂၄ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သည်။ 

မီလင်ကိုဗစ်သည် ပြီးခဲ့သည့်ရာသီက လာဇီယိုအတွက် ပြိုင်ပွဲစုံ (၄၂)ပွဲတွင် (၈)ဂိုး သွင်းယူခဲ့သည်။

Most Read

Most Recent