ဂရိတွင် ရဲများကို ဆဲဆိုတိုက်ခိုက်မှုကြောင့် မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းရား ဖမ်းဆီးခံခဲ့ရ

ဂရိတွင် ရဲများကို ဆဲဆိုတိုက်ခိုက်မှုကြောင့် မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းရား ဖမ်းဆီးခံခဲ့ရ
Photos: Getty Images & Twitter
Photos: Getty Images & Twitter
Published 21 August 2020

မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းရားသည် ဂရိနိုင်ငံ၊ မိုင်ကွန်နော့စ်မြို့တွင် အလည်အပတ်ရောက်နေစဉ် ရဲများကို ဆဲဆိုတိုက်ခိုက်မှုကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းရားသည် ဂရိကျွန်းတစ်ခုဖြစ်သည့် မိုင်ကွန်နော့စ်သို့ အားလပ်ရက်အပန်းဖြေခရီးထွက်ခဲ့ကြောင်း သိရသည်။ 

မက်ဂွိုင်းရားနှင့် အပေါင်းအပါများသည် ယနေ့နံနက်တွင် မိုင်ကျွန်နော့စ်ရှိ ဘားတစ်ခုတွင် ပျော်ပါးခဲ့ကြပြီး အပြန်၌ ဒေသခံရဲများနှင့် ပြဿနာဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

Daily Mail ကို သတင်းပေးခဲ့သူတစ်ဦးက "လူ (၈)ယောက်ပါဝင်တဲ့ အုပ်စုတစ်စုဟာ ဘားအပြင်ဘက်မှာ ဆူညံနေတာကြောင့် ဒေသခံတွေက ရဲကို တိုင်ကြားခဲ့ပါတယ်။ အဲဒီမှာ သူတို့အုပ်စုဟာ မီနီဘတ်စ်တစ်စီးနဲ့ ထွက်ပြေးခဲ့ပြီး ရဲတွေက သူတို့နောက်ကို လိုက်ခဲ့တာပါ။ သူတို့ကို  ရဲတွေ မိသွားတဲ့အခါ လူနှစ်ယောက်နဲ့ ရဲအဖွဲ့ဝင်တွေအကြား အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မက်ဂွိုင်းရားက ရဲတွေကို ဆဲဆိုပြီး တိုက်ခိုက်ခဲ့တာပါ။ ရဲတွေက သူ့ကို လက်ထိပ်ခတ်ဖမ်းဆီးပြီး ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ သူ့ကို ရဲတွေကို ဆဲဆိုမှု၊ တိုက်ခိုက်ဖို့ ကြိုးစားမှုတွေနဲ့ စွဲချက်တင်ထားပါတယ်"ဟု ပြောကြားခဲ့သည်။ 

မက်ဂွိုင်းရားနှင့်အတူ ၎င်း၏ သူငယ်ချင်းနှစ်ဦးမှာ ဖမ်းဆီးခံခဲ့ရပြီး အခြား (၅)ဦးကိုမူ တည်းခိုရာဟိုတယ်သို့ ပြန်လွှတ်ခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

မက်ဂွိုင်းရား၏ သတင်းကို မန်ယူအသင်းကလည်း အတည်ပြုခဲ့ပြီး လက်ရှိတွင် မက်ဂွိုင်းရားသည် ရဲတပ်ဖွဲ့၏ စစ်ဆေးမှုများကို ပူးပေါင်းပါဝင်နေကြောင်းနှင့် ယင်းထက်ပိုပြီး ပြောစရာမရှိကြောင်း ထုတ်ပြန်ခဲ့သည်။ 

Most Read

Most Recent