(၁၀)နှစ်ဝန်းကျင်အတွင်း ဗိုလ်လုပွဲသို့ ပထမဆုံးတက်ရောက်နိုင်ခြင်းမှာ ဂုဏ်ယူစရာဖြစ်သော်လည်း အနိုင်ရသူကိုသာ အမှတ်ရလိမ့်မည်ဟု ကွန်တီ ဆို

(၁၀)နှစ်ဝန်းကျင်အတွင်း ဗိုလ်လုပွဲသို့ ပထမဆုံးတက်ရောက်နိုင်ခြင်းမှာ ဂုဏ်ယူစရာဖြစ်သော်လည်း အနိုင်ရသူကိုသာ အမှတ်ရလိမ့်မည်ဟု ကွန်တီ ဆို
Photos: Getty Images
Photos: Getty Images
Published 21 August 2020

အင်တာမီလန်အသင်း၏နည်းပြ ကွန်တီက မိမိတို့အ သင်းအနေဖြင့် (၁၀)နှစ်ဝန်းကျင်အတွင်း ဗိုလ်လုပွဲသို့ ပထမဆုံးတက်ရောက်နိုင်ခြင်းမှာ ဂုဏ်ယူစရာဖြစ်သော်လည်း အနိုင်ရသူကိုသာ အမှတ်ရကြလိမ့်မည်ဟု ပြောကြားခဲ့သည်။

    

အင်တာမီလန်အသင်းသည် ၂၀၁၀-၁၁ ရာသီတွင် ကိုပါအီတာလီယာဖလား ရရှိခဲ့ပြီးနောက် ဆုဖလားအောင်ပွဲများနှင့် ဝေးကွာနေခဲ့ရုံသာမက ဖလားပြိုင်ပွဲများတွင် ဗိုလ်လု ပွဲသို့ပင် တက်ရောက်နိုင်ခြင်းမရှိခဲ့ပေ။ 

ယင်းကာလအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အမြင့်ဆုံးကွာတားဖိုင်နယ်အထိသာ ရောက်ရှိခဲ့သလို၊ ယူရိုပါလိဂ်တွင်လည်း အမြင့်ဆုံးရှုံးထွက် (၁၆)သင်းအဆင့်သာ ရောက်ရှိခဲ့သည်။ 

ထို့ကြောင့် ကွန်တီက ယခုကဲ့သို့ ပြောကြားကာ ကစားသမားများကို တွန်းအားပေးခဲ့ ခြင်းလည်းဖြစ်သည်။ 

ကွန်တီက "လူတွေက ဗိုလ်လုပွဲမှာ အနိုင် ရတဲ့သူကိုပဲ အမှတ်ရကြတာပါ။ ကစားသမားဘဝတုန်းက ကျွန်တော် ချန်ပီယံလိဂ်ဖလားရခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်လုပွဲ(၄)ပွဲ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ လူတွေက အနိုင်ရတဲ့ပွဲတွေနဲ့ ရယူနိုင်ခဲ့တဲ့ ဆုဖလားတွေကိုပဲ မှတ်သားတတ်ကြပါတယ်။ ကျွန်တော်တို့အသင်း (၁၀)နှစ်အတွင်း ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာ ဂုဏ်ယူစရာပါပဲ။ အထူးသဖြင့် အင်တာမီလန်လို ဂုဏ်သိက္ခာကြီးမားတဲ့အသင်းနဲ့ ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။ ဒါပေမဲ့ သမိုင်းဆိုတာ အောင်နိုင်သူတွေသာ ရေးသားရတာပါ။ ဒီအချက်ကို ကျွန်တော်တို့အတွက် စိတ်ဓာတ် မြှင့်တင်မှုတစ်ခုအဖြစ် မှတ်ယူပြီး အနိုင်ရအောင် လုပ်ဆောင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။

    

ကွန်တီသည် ကစားသမားဘဝတွင် ချန်ပီယံလိဂ်ဗိုလ် လုပွဲ(၂)ကြိမ်၊ ၁၉၉၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲနှင့် ယူရို-၂ဝဝဝ ဗိုလ်လုပွဲတို့၌ ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို ၁၉၉၅-၉၆ ရာသီတွင် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။နည်းပြဘဝ ဖလားပြိုင်ပွဲမှတ်တမ်းတွင်မူ ၂၀၁၇-၁၈ ရာသီ၌ ချယ်လ်ဆီးအသင်းနှင့် FA ဖလားရယူနိုင်ခြင်းသာ ရှိခဲ့သည်။

သို့သော် ဆီဗီလာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ယူရိုပါ လိဂ်ဗိုလ်လုပွဲတွင် အင်တာမီလန်အသင်းက ပိုမိုရေပန်းစားသည့်အသင်းအဖြစ် သတ်မှတ်ခံထားရသည်။  ပြိုင်ဘက်နှင့် ပတ်သက်၍ ကွန်တီက ဆီဗီလာအသင်းကို လေးစားသော်လည်း မိမိ ကြောက်ရွံ့သည့်အသင်းမရှိကြောင်းလည်း ကြုံးဝါးပြောကြားခဲ့သည်။

Most Read

Most Recent