တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်မည့်ကာလဖြစ်သဖြင့် လက်ရှိကျင်းပနေသည့် လွှတ်တော်အစည်းအဝေးများကို ခေတ္တရပ်နားထား

တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်မည့်ကာလဖြစ်သဖြင့် လက်ရှိကျင်းပနေသည့် လွှတ်တော်အစည်းအဝေးများကို ခေတ္တရပ်နားထား
Published 10 August 2020
ပြည့်ဖြိုးအောင်

တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ကိုယ်စားလှယ်လောင်းစိစစ်မည့် ကာလဖြစ်သဖြင့် လက်ရှိကျင်းပနေသည့် လွှတ်တော်အစည်းအဝေးများကို ၁၁ ရက် ခေတ္တရပ်နားထားသည်။

 

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များအရ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်းသွင်ခြင်း နှင့် စိစစ်ခြင်းဆောင်ရွက်ရမည့်ရက်ကာလများမှာ လက်ရှိကျင်းပနေသည့် ၁၇ ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးကာလတွင် ပါဝင်သဖြင့် သြဂုတ် ၈ ရက်မှ ၁၈ ရက် အထိ လွှတ်တော်အစည်းအဝေး ခေတ္တရပ်နား ပေးခဲ့ခြင်းဖြစ်သည်။

“တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များကို အားလုံးသိရှိပြီးဖြစ်ပါတယ်။ ထုတ်ပြန်ချက်များအရ တတိယသက်တမ်းအတွက် ကိုယ်စားလှယ်လောင်း အမည် စာရင်းတင်သွင်းခြင်းနဲ့ စိစစ်ခြင်းဆောင်ရွက် ကြရမယ့် ရက်ကာလများဟာ ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပမယ့် ကာလအတွင်း မှာ ပါဝင်နေပါတယ်။ လွှတ်တော်ကိုယ်စား လှယ်လောင်းအမည်စာရင်းတင်သွင်းဖို့ သတ်မှတ်ကာလမှာတော့ လွှတ်တော်အစည်းအဝေးများကို ဆက်လက်ကျင်းပနေမှာဖြစ်ပါ တယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းစိစစ်မယ့်ကာလအတွက် ၂၀၂၀ ပြည့်နှစ် သြ ဂုတ် ၈ ရက်မှ ၁၈ ရက်အထိ ကာလကိုတော့ လွှတ်တော်အစည်းအဝေးခေတ္တရပ်နားပေး ဖို့ လျာထားပါတယ်။ တတိယသက်တမ်းအ တွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ကြမယ့် ပုဂ္ဂိုလ်များအနေနဲ့ လို အပ်တာတွေ ပြင်ဆင်ထားရှိနိုင်ဖို့နဲ့ လွှတ် တော်ကိုယ်စားလှယ်များအားလုံး သိရှိနိုင်ဖို့  ကြိုတင်ပြောကြားထားခြင်းဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်အစည်းအဝေးများ စတင်သည့်နေ့တွင် ပြောကြားထားသည်။

လက်ရှိကျင်းပလျက်ရှိသည့် ၁၇ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးကာလ အား ၂၀၂၀ ပြည့်နှစ် သြဂုတ်လနောက်ဆုံးပတ် အပြီးပြုလုပ်ရန်လျာထားပြီး အစည်းအဝေးကာလ၌ နိုင်ငံတော်အတွက် နှစ်စဉ် မဖြစ် မနေ ဆောင်ရွက်ပေးရမည့် ၂၀၂၀-၂၀၂၁ ခုနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည် ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတို့ နှင့် စပ်လျဉ်းပြီး ဆွေးနွေးအတည်ပြုပေးရေး ကို အဓိကဆောင်ရွက်မည်ဖြစ်သည်။

လက်ရှိ ပြည်ထောင်စု လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးများကို ဇူလိုင် ၁၃ ရက်တွင် စတင်ပြီး သြဂုတ် ၇ ရက် အထိ ကျင်းပခဲ့ကာ သြဂုတ် ၁၉ ရက်တွင် ပြန်လည်စတင်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင် စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း နှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြမည်ဖြစ်သည်။

 

Most Read

Most Recent