မြန်မာနိုင်ငံတွင် နှစ်စဉ်ကြုံတွေ့မြဲ ရေကြီးရေလျှံမှုများ

မြန်မာနိုင်ငံတွင် နှစ်စဉ်ကြုံတွေ့မြဲ ရေကြီးရေလျှံမှုများ
Published 2 August 2020
မင်းချစ်နိုင်

စာရေးသူတို့ မြန်မာပြည်မှာ မိုးသည်းထန်စွာ ရွာလိုက်တိုင်း မြစ်တွေ၊ ချောင်းတွေ မှာ ရေပြည့်လျှံပြီး မြို့တွေ၊ ရွာတွေထဲ ဝင် ရောက်နေခဲ့ရတယ်။ အဲဒါနဲ့ပဲ ပြည်သူတွေ ရေဘေးသင့်ခဲ့ရတယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ တယ်။ အသက်သေဆုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရ တယ်။ ဒီဖြစ်စဉ်တွေ ဖြစ်နေတာ တစ်နှစ် လည်းမဟုတ်၊ နှစ်နှစ်လည်း မဟုတ်။ အနီး စပ်ဆုံးပြောရရင် ၂၀၁၅ ခုနှစ်က မြန်မာ ပြည်ရဲ့ ရေကြီးရေလျှံမှုဟာ စံချိန်တင်ခဲ့ တယ်။ နိုင်ငံတော်အစိုးက ရေကြီးရေလျှံမှုနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးအတွက် စီမံချက်တွေရေး၊ ဇာတ်တိုက်လေ့ကျင့်မှုတွေ ပြုလုပ်၊ အစည်းအဝေးတွေ ပြုလုပ်ခဲ့ကြ တယ်။ ဒါပေမဲ့ ၂၀၁၆ မှာ မိုးသည်းထန်စွာ ရွာလိုက်တာနဲ့ ရေကြီးပြန်တယ်။ ထိခိုက် ပျက်စီးဆုံးရှုံးမှုတွေ ကြုံရပြန်တယ်။ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉၊ အခု ၂၀၂၀ ပြည့်နှစ်တွေမှာ လည်း မိုးသည်းထန်စွာ ရွာတိုင်း ရေကြီးရေ လျှံမှုတွေ ဖြစ်ပေါ်နေတုန်းပါပဲ။ ထုံးစံအ တိုင်း ပြည်သူတွေ ထိခိုက်ပျက်စီးဆုံးရှုံးမှု တွေနဲ့ ကြုံနေရတုန်း။ ရေဘေးသင့်ဘဝနဲ့ ရေ ဘေးကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ပြီး သူများ ပေးစာကမ်းစာတွေကို စားနေရတုန်း ပါပဲ။

  မြန်မာပြည်ရဲ့ ရေကြီးနစ်မြုပ်မှုတွေကို လေ့လာကြည့်ရင် ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက် တင်ဘာလတွေမှာ ဖြစ်ပေါ်တတ်တာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီ လတွေဟာ မြန်မာပြည်အတွက် မိုးကောင်း တဲ့လတွေ ဖြစ်နေလို့ပါပဲ။ အထူးသဖြင့် ဇူ လိုင်၊ သြဂုတ်ကတော့ မိုးပိုကောင်းပြီး ရေကြီး နစ်မြုပ်မှုကိုလည်း ပိုမိုဖြစ်ပေါ်စေပါတယ်။ အခုလည်းကြည့်လေ။ ၂၀၂၀ ဇူလိုင်လ စစ ချင်းမှာပဲ မြန်မာပြည် အထက်ပိုင်းမှာ မိုးများ ပြီး ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်လာတာ တွေ့ရပါတယ်။ အဓိကကတော့ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့ ရွာတွေ၊ အိမ်တွေ ရေမြုပ်ပြီး ပြည်သူတွေ ရေ ဘေးသင့်ခဲ့ကြရတယ်။ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်ပြီး တစ်ရက်နှစ် ရက်အကြာမှာတော့ မိုးနည်းသွားတယ်။ မြစ်ရေတွေလည်း ပြန် ကျသွားတယ်။ ရေကြီးနစ်မြုပ်မှုတွေ မရှိ တော့ဘူးပေါ့။ ဝမ်းသာစရာပဲ။ ရေဘေးသင့် ပြည်သူတွေ ကိုယ့်အိမ်ကိုယ်ပြန်၊ ကိုယ့် အလုပ် ကိုယ်လုပ်၊ ဘဝကို ပုံမှန်အတိုင်း ပြန် လည်ပတ်ရတော့မယ်ပေါ့။ ဒါပေမဲ့ အဲဒီလို ဝမ်းသာစရာကိစ္စက ကြာကြာမခံလိုက်ဘူး။

အမရပူရမြို့နယ် ရွှေဂဲရေဆိုးထုတ် စက်ရုံ စီမံကိန်းအနီးက တာပေါင်ကျိုးပေါက် လို့ အဲဒီအနီးအနား ပတ်ဝန်းကျင်က ရပ် ကွက်၊ ကျေးရွာတွေမှာ ရေနစ်မြုပ်ပြီး ပြည်သူ တွေ ရေဘေးသင့်ကုန်တယ်။ တာပေါင် ကျိုး ပေါက်ပြီး ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကို ဇူလိုင် ၂၁ ရက် ညပိုင်းက ထ်ိန်းချုပ်နိုင်ခဲ့ပေမဲ့ ရပ်ကွက်တွေ၊ ကျေးရွာတွေထဲရေဝင်ရောက် မှုကြောင့် ရေဘေးသင့်ပြည်သူ ၅၀၀၀ နီးပါး ရှိခဲ့တယ်လို့ ဇူလိုင် ၂၂ ရက်ထုတ် သတင်း စာတွေမှာ ဖော်ပြခဲ့ကြတယ်။

အဲဒီတာပေါင်ကျိုးပေါက်မှုဟာ တည် ဆောက်ချိန်က နည်းပညာအားနည်းခြင်း၊ ရွှေဂဲရေဆိုးထုတ်စက်ရုံ စီမံကိန်းရဲ့ ကြိုတင် စီမံခန့်ခွဲမှု အားနည်းခြင်း၊ အရင်ရက်တွေက မိုးသည်းသည်း ထန်ထန်ရွာပြီး ဧရာဝတီမြစ် ရေ မြင့်တက်လာတဲ့အတွက် တာပေါင် အပေါ် ဖိအားများခဲ့ခြင်းတွေကြောင့် ဖြစ်ခဲ့ တယ်လို့ သုံးသပ်ရပါတယ်။ (အဲဒါနဲ့ပတ် သက်ပြီး အချိန်ရရင်တော့ ဆောင်းပါးတစ် ပုဒ်အနေနဲ့ ရေးပြချင်ပါသေးတယ်။) အဲဒီ ဖြစ်စဉ် ဖြစ်နေစဉ်မှာပဲ ဥရုချောင်းရေ မြင့် တက်လာပြီး ဖားကန့်မြို့ထဲ ရေဝင်ရောက်မှု တွေ ဖြစ်ပေါ်လာခဲ့တယ်။ ရေကြီးနစ်မြုပ် မှုတွေဟာ ပြီးဆုံးမယ်မကြံသေး ဆက် လက်ဖြစ်ပွားလာပြန်တယ်။

နောက်ပြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ တတိယ ၁၀ ရက်ပတ်ရဲ့ မိုးလေဝသအခြေအနေကို ထုတ်ပြန်ရာမှာလည်း ဧရာဝတီနဲ့ ချင်းတွင်း မြစ်ရေဟာ မြို့ ၂၆ မြို့နယ်မှာ လက်ရှိ ရေ မှတ်တွေထက် အနည်းဆုံးနှစ်ပေမှ အများ ဆုံးငါးပေအထိ မြင့်တက်နိုင်တယ်လို့ ထုတ် ပြန်ခဲ့တယ်။ အဲဒီလို ထုတ်ပြန်ပြီး ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေတွေ မြင့်တက်လာခဲ့တယ်။ ကားလမ်းရေ နစ်မြုပ်မှု၊ ရပ်ကွက်တွေထဲ ကျေးရွာတွေထဲ မြစ်ရေဝင်ရောက်ပြီး ပြည် သူတွေ ရေဘေးသင့်ခဲ့ရတယ်။ လက်ရှိအချိန် မှာလည်း မြစ်ရေတွေ ဆက်တိုက် မြင့်တက် ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ဒါဟာ ဒီနှစ်မှ ဖြစ်တာမဟုတ်ပါဘူး။ နှစ်စဉ် နှစ်တိုင်း ဖြစ်နေတာပါ။ မြန်မာပြည်မှာ ရေ ကြီးရေလျှံမှုတွေဟာ ဇွန်၊ ဇူလိုင်၊ သြဂုတ် လတွေမှာ အဓိက ဖြစ်ပွားတတ်တယ်လို့ လည်း သိထားတယ်။ ဒီတော့ အဲဒီလတွေ ရေဘေးအန္တရာယ်ကို အထူးသတိထားဖို့ လို ပါတယ်။ အဲဒီလတွေ မတိုင်ခင်ကတည်းက ရေဘေးအန္တရာယ်ကို တုံ့ပြန်ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ရပါမယ်။ ရေ ကြီးမှ ထလုပ်တာထက် ရေမကြီးခင်ကတည်း က ကြိုတင်ပြင်ဆင်ထားကြဖို့ လိုပါတယ်။ စာရေးသူရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြား ဆရာဖြစ်တဲ့ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင် မကွယ်လွန်မီက ပြောခဲ့တဲ့ စကား ရှိပါတယ်။ အဲဒါကတော့ “ရေကြီးမှ လှေ လိုက်ရှာမနေနဲ့” တဲ့။ ဆရာက သဘာဝဘေး အန္တရာယ်တွေနဲ့ပတ်သက်ပြီး မဖြစ်ခင် ကတည်းက ကြိုတင်ကာကွယ်မှုတွေ လုပ်ရ မယ်ဆိုတာကို တဖွဖွ ပြောခဲ့တယ်။ ဒါပေမဲ့ စာရေးသူတို့ မြန်မာပြည်မှာ ကြိုတင်ကာ ကွယ်မှုတွေကို ထိထိရောက်ရောက် လုပ် ဆောင်ခဲ့ပါသလား။

ရေကြီးနစ်မြုပ်မှုတွေဟာ မြန်မာပြည် မှာမှ မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအသီးသီး မှာလည်း ကြုံတွေ့နေရပြီး ဖြေရှင်းဖို့ခက်ခဲတဲ့ ပြဿနာတစ်ခုပါ။ ရေဘေးအန္တရာယ်ဟာ အမှတ်တမဲ့ကြည့်ရင် ထိခိုက်မှုကြီးကြီး မားမားမရှိတဲ့ ဘေးအန္တရာယ်တစ်ခုလို့ ထင် ကောင်း ထင်နိုင်ပါတယ်။ ဒါပေမဲ့ ရေဘေး အန္တရာယ်ဟာ ဧရိယာကျယ်ပြန့်ကြီးမား သလောက် ထိခိုက်မှုလည်း ကြီးမားတတ် ပါတယ်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေတယ်။ ပြည်သူတွေကို စားဝတ်နေရေးအကျပ်အတည်းနဲ့ ကျန်းမာ ရေးထိခိုက်မှုတွေကို ဖြစ်ပေါ်စေတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကို ထိ ခိုက်စေတဲ့အတွက် တောင်သူလယ်သမား တွေ ဒုက္ခရောက်ရသလို နိုင်ငံတော်ဘဏ္ဍာ ငွေတွေကိုလည်း ထိခိုက်စေတယ်။ ရေနစ် မြုပ်တဲ့ ကျောင်းတွေကို ပိတ်ထားတဲ့အတွက် ရေကြီးနစ်မြုပ်တဲ့ကာလ ကြာရင်ကြာသ လောက် ကလေးတွေရဲ့ ပညာရေးကို ထိ ခိုက်စေတယ်။ ရေကြီးနစ်မြုပ်မှု ပြင်းထန်ရင် ပြင်းထန်သလောက် လူ့အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ဆုံးရှုံးစေတယ်။ ဒီတော့ စာရေးသူတို့ တိုင်းပြည်အနေနဲ့ ရေဘေး အန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ထိထိရောက် ရောက် မဆောင်ရွက်သင့်ဘူးလား။

စာရေးသူရဲ့အမြင်နဲ့ပြောရရင် ဆောင် ရွက်သင့်တာပေါ့။ ဒါဆို ဘယ်လိုဆောင်ရွက် သင့်သလဲပေါ့။ နိုင်ငံတော်အစိုးရအနေနဲ့ ဒေသတိုင်းဒေသတိုင်းရဲ့ ရေကြီးနစ်မြုပ် တတ်တဲ့အချိန်၊ ရေကြီးနစ်မြုပ်တဲ့ အတိုင်း အတာကို သိအောင်လေ့လာထားရမယ်။ ဘယ်လိုအခြေအနေရောက်ရင် ပြောင်းရွှေ့ ရမလဲ။ ဘယ်ကို ပြောင်းရွှေ့သင့်လဲ။ ပြောင်း ရွှေရမယ့် နေရာ၊ လူဦးရေနဲ့ညီမျှတဲ့ စားနပ် ရိက္ခာ၊ သောက်သုံးရေနဲ့ ကျန်းမာရေးတွေ အတွက်လည်း ကြိုတင်တွက်ချက် စီမံထားရ မယ်။ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်တဲ့အခါ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်း တွေ ဆောင်ရွက်နိုင်ဖို့အတွက် အထူးလေ့ ကျင့်ထားတဲ့အဖွဲ့တွေ ရှိနေသင့်ပါတယ်။ နောက်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့တွေ အနေနဲ့ ရေကြီးနစ်မြုပ်တဲ့ဒေသတွေမှာ ရေဘေးကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက် တဲ့ အသိပညာပေးမှုတွေ လုပ်ဆောင်ရမယ်။ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ် တိုက်လေ့ကျင်မှုတွေကို မကြာခဏ လုပ် ဆောင်ပေးရမယ်။ ဒါမှလည်း ဒေသခံတွေ ကိုယ်တိုင်က ဘယ်လိုအခြေအနေမှာ ဘာ တွေ လုပ်ဆောင်ထားသင့်လဲဆိုတာကိုသိကြ မှာပါ။

ဒေသခံပြည်သူတွေဟာ သူတို့ဒေသ အကြောင်း သူတို့ကိုယ်တိုင် အသိဆုံးပါ။ အထက်ပါအချက်အလက်တွေအတွက် နိုင်ငံတော်အစိုးရကို ကူညီရပါမယ်။ ဒေသ ခံပြည်သူတွေအနေနဲ့ သိထားဖို့လိုတာက တော့ နေရာတကာမှာ နိုင်ငံတော်အစိုးရကို ချည်း အားကိုးနေလို့မရပါဘူးဆိုတာပါပဲ။ နိုင်ငံတော်အစိုးရဆိုတာ စီမံချက်တွေ၊ စီမံ ကိန်းတွေ၊ ဇာတ်တိုက်လေ့ကျင့်တာတွေနဲ့ အချိန်ကုန်နေတတ်ပါတယ်။ ဒီတော့ ဒေသ ခံပြည်သူတွေ အနေနဲ့ ဒေသခံအာဏာပိုင်၊ ပရဟိတအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကိုယ်လုပ်နိုင်တာကို လုပ်ထားဖို့လို ပါတယ်။ အနည်းဆုံးတော့ ဒေသခံတွေအနေနဲ့ ရေ ကြီးနစ်မြုပ်နိုင်တဲ့ကာလတွေမှာ အရေး ပေါ်ပြောင်းရွှေ့ဖို့ ကြိုတင်ထုပ်ပိုးပြင်ဆင် ထားမှုကိုတော့ လုပ်ဆောင်နိုင်ကြပါလိမ့် မယ်။ ဒါကတော့ ရေဘေးအန္တရာယ် ကြို တင်ကာကွယ်မှုနဲ့ပတ်သက်ပြီး ရေတိုဆောင် ရွက်သင့်တဲ့လုပ်ငန်းတွေပါပဲ။ ဒီလုပ်ငန်း တွေဟာ ရေကြီးနစ်မြုပ်မှုတွေ မဖြစ်ပွား အောင် မလုပ်ဆောင်နိုင်ပေမဲ့ ထိခိုက်ပျက် စီးမှုအနည်းဆုံးဖြစ်အောင်တော့ အထောက် အကူပြုပါတယ်။ အမှန်တကယ် လုပ်ဆောင် ထားဖို့တော့ လိုအပ်ပါတယ်။

ရေကြီးနစ်မြုပ်မှု ဖြစ်စဉ်တွေကို လေ့ လာကြည့်ရင် သဘာဝပတ်ဝန်းကျင် ပျက် စီးခြင်း၊ သစ်တောပြုန်းတီးခြင်း၊ သတ္တုတူး ဖော်ခြင်း၊ ရေကာတာတည်ဆောက်ခြင်း၊ တံတားများ တည်ဆောက်ရာမှာ နည်းပညာ ပိုင်းအားနည်းခြင်းစတဲ့ အကြောင်းအရာ ပေါင်းများစွာကြောင့်ဆိုတာကို တွေ့ရပါ တယ်။ အတိုချုပ်ပြောရရင် သဘာဝပတ်ဝန်း ကျင်ပျက်စီး၊ သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုပြောင်းလဲပြီး မိုးရွာသွန်းမှုတွေဟာ အတိုင်း အဆကင်းမဲ့လာတယ်။ နေရာကွက် မိုးကြီးတာတွေ ဖြစ်လာသလို မိုးကြီးတဲ့ ရက် တွေ များလာတာလည်း ကြုံလာရတယ်။ အဲဒီလို နေရာကွက်မိုးကြီးတဲ့အချိန်မှာ သတ္တုတူးဖော်မှု၊ ရေကာတာတည်ဆောက် မှုနဲ့ နည်းပညာချို့တဲ့တဲ့ တံတားတည် ဆောက်မှုတွေကြောင့် တိမ်ကောနေတဲ့မြစ် တွေဟာ ရွာသွန်းတဲ့ မိုးရေချိန်ကို ထိန်း မထားနိုင်တော့ဘူး။ မြို့တွေ၊ ရွာတွေထဲကို စီးဝင်စေတော့တာပဲ။ အဲဒါနဲ့ပဲ ရေကြီးနစ် မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့ရတာပါ။ ရေကြီးနစ် မြုပ်မှုနဲ့ပတ်သက်ပြီး ဒီထက်အသေးစိတ်၊ အကျယ်ချဲ့ပြောချင်လည်း ပြောလို့ရပါ တယ်။ အခြေအနေအရ စာရေးသူ မပြော တော့ပါဘူး။

ဒီတော့ အရှင်းဆုံးနဲ့အတိုဆုံးပဲ ပြော ချင်ပါတယ်။ အဲဒီရေကြီးနစ်မြုပ်မှု ဖြစ်ပေါ် စေတဲ့ကိစ္စရပ်တွေကိုသာ ထိန်းချုပ်နိုင်ရင် ရေကြီးနစ်မြုပ်မှုတွေကိုလည်း ထိန်းချုပ်နိုင် မှာ ဖြစ်ပါတယ်။ ဒါကလည်း ပြောလို့သာ လွယ်တာပါ။ လက်တွေ့လုပ်ဖို့ တော်တော် ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်နဲ့ ပြည်သူတွေကို ရေကြီးနစ်မြုပ်မှုအန္တရာယ် ကနေ ကင်းဝေးစေချင်ရင်တော့ နိုင်ငံတော် အစိုးရတိုင်းက မဖြစ်မနေ လုပ်ဆောင်ဖို့လို ပါတယ်။ လုပ်ဆောင်တဲ့ နေရာမှာလည်း ဟန်ပြမဟုတ်ဘဲ လက်တွေ့ကျကျ၊ ထိထိ ရောက်ရောက်နဲ့ ရေရှည်လုပ်ဆောင်ရမှာ ဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရ ပါတယ်။

 

Most Read

Most Recent