FIFA ဂိမ်းစ် မျက်နှာဖုံးရှင်ဖြစ်ပြီးနောက် ကြုံတွေ့ရသောဆိုးရွားသည့် ကံကြမ္မာများကိုထောက်ပြမှုများရှိလာ

FIFA ဂိမ်းစ် မျက်နှာဖုံးရှင်ဖြစ်ပြီးနောက် ကြုံတွေ့ရသောဆိုးရွားသည့် ကံကြမ္မာများကိုထောက်ပြမှုများရှိလာ
Photos : Getty Images
Photos : Getty Images
Published 29 July 2020

ယခုနောက်ဆုံး ပြင်သစ်ကြယ်ပွင့် ဘာပေမှာ ၂၀၂၁ မျက်နှာဖုံးရှင်အဖြစ် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က သတ်မှတ်ခံရပြီးနောက် သောကြာနေ့တွင်ကစားခဲ့သည့် ပြင်သစ်ဖလားဗိုလ်လုပွဲတွင် ခြေချင်းဝတ်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။ 

FIFA EA Sports ဂိမ်စ်းတွင် မျက်နှာ ဖုံးရှင်အဖြစ် ဖော်ပြခံရပြီးနောက် နာမည် ကျော်ဘောလုံးသမားများ၏ ဆိုးရွားသည့် ကံကြမ္မာမျာကို ဝေဖန်ထောက်ပြမှုများရှိလာခဲ့သည်။ ယခုနောက်ဆုံး ပြင်သစ်ကြယ်ပွင့် ဘာပေမှာ ၂၀၂၁ မျက်နှာဖုံးရှင်အဖြစ် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က သတ်မှတ်ခံရပြီးနောက် သောကြာနေ့တွင်ကစားခဲ့သည့် ပြင်သစ်ဖလားဗိုလ်လုပွဲတွင် ခြေချင်းဝတ်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။ 

ယခုအခါ စမ်းသပ်စစ်ဆေးမှုများ ပြု လုပ်ခဲ့ပြီးနောက် ဘာပေ၏ ညာဘက်ခြေချင်းဝတ်မှာ အဆစ်လွဲသွားခဲ့ခြင်းဖြစ်ကြောင်း နှင့် သုံးပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း PSG အသင်းက အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။ ယခုရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များကို သြဂုတ် ၁၂ မှ  ၁၅  ရက်အထိ ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး အတ္တလန်တာ - PSG ပွဲမှာ အစောဆုံးပွဲအဖြစ် သြဂုတ် ၁၂ ရက်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 

ထို့ကြောင့် ဘာပေသည် ယင်းပွဲကို လွဲ ချော်ရတော့မည်ဖြစ်ပြီး PSG အသင်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်မှသာ ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။  ၂၀၁၇ တွင် မာကိုရွိုက်စ်၊ ၂၀၁၈ နှင့် ၂၀၁၉ တွင် စီရော်နယ်လ်ဒို၊  ၂၀၂၀ တွင် ဟာဇက်စသည့်ကစားသမားများမှာ ဒဏ်ရာ၊ ခြေစွမ်း ကျဆင်းမှု၊ လူမှုရေးပြဿနာ၊ မမျှော်လင့်သည့် အပြောင်းအလဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ 

ယင်းမတိုင်မီကလည်း ဘက်ခမ်၊ ကာကာစ သည့် နာမည်ကြီးကစားသမားများမှာ မျက်နှာဖုံးရှင်အဖြစ် ဖော်ပြခံရပြီးနောက် အလားတူဖြစ်ရပ်များနှင့် ရင်ဆိုင်ခဲ့ရသည်။    

Most Read

Most Recent