မိမိ ရောက်သည့်အချိန်မှ စတွက်ပါက စပါးအသင်းသည် အဆင့်(၄)နေရာတွင် ရှိသည်ဟု မော်ရင်ဟို ပြောကြား

မိမိ ရောက်သည့်အချိန်မှ စတွက်ပါက စပါးအသင်းသည် အဆင့်(၄)နေရာတွင် ရှိသည်ဟု မော်ရင်ဟို ပြောကြား
Photo: AFP
Photo: AFP
Published 28 July 2020

စပါးနည်းပြမော်ရင်ဟိုက မိမိအသင်းသို့ ရောက်သည့်အချိန်မှ စတွက်ပါက စပါးအသင်းသည် ပရီးမီးယားလိဂ်၏ အဆင့်(၄)နေရာ၌ ရှိသည်ဟု ပြောကြားခဲ့သည်။

နည်းပြဟောင်း ပိုချက်တီနို ထွက်ခွာစဉ်က စပါးအသင်းသည် အဆင့်(၁၄)နေရာတွင်သာ ရပ်တည်နေခဲ့ပြီး မော်ရင်ဟိုက ရာသီကုန်တွင် အဆင့်(၆)နေရာသို့ ဆွဲတင်နိုင်ခဲ့သည်။

ရာသီပိတ်ပွဲစဉ်တွင် ပဲလေ့စ်နှင့် သရေကျခဲ့သော်လည်း အဆင့်(၆) နေရာလုနေရသော ပြိုင်ဘက် ဝုလ်ဗ်အသင်းက ရှုံးပွဲကြုံခဲ့၍ စပါးအသင်းသည် အဆင့်(၆)ဖြင့် ရာသီသိမ်းခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်ကိုလည်း ရယူနိုင်ခဲ့သည်။

မော်ရင်ဟိုက "ဒီရာသီက ရူးချင်စရာပါပဲ။ ဒီအသင်း ချန်ပီယံလိဂ် ဖိုင်နယ်ကစားပြီးတဲ့အချိန်ကစပြီး အနိမ့်အမြင့်တွေ အများကြီး ကြုံခဲ့တယ်။ တကယ်ခက်ခဲပါတယ်။ ပဲလေ့စ်နဲ့ပွဲက ရလဒ်ကို မနှစ်သက်ပေမယ့် ဒီကာလထဲမှာ ကျွန်တော်တို့ ရလဒ်ကောင်းခဲ့တယ်။ ယူရိုပါလိဂ်ဝင်ခွင့်နေရာလည်း မိမိရရ ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ ပုဂ္ဂလိက အမြင်အရပြောရရင် ကျွန်တော် ပျော်နေပါတယ်။ ကျွန်တော် ရောက်တဲ့အချိန်က စတွက်မယ်ဆိုရင် ကျွန်တော်တို့က အဆင့်(၄)ပါ။ ကျွန်တော်တို့မှာရှိနေတဲ့ ပြဿနာတွေနဲ့ဆိုရင် ကောင်းတယ်လို့ ပြောနိုင်တဲ့ ရလဒ်ပေါ့" ဟု ပြောကြားခဲ့သည်။

လာမည့်ရာသီတွင် ဗာတွန်ဂန်၊ မစ်ချယ်ဗွန်းတို့ ထွက်ခွာမည့်အသင်း လူစာရင်းအား တိုးတက်စေလိုသော်လည်း ကစားသမားများစွာ ဝယ်ယူသွားမည်မဟုတ်သလို၊ ငွေကြေးများစွာ သုံးစွဲသွားမည်မဟုတ်ကြောင်းလည်း ၎င်းက ဝန်ခံခဲ့သည်။

Most Read

Most Recent