သီယာဂိုကို ခေါ်ယူရန် လီဗာပူးလ်အသင်း ကြိုးပမ်းမှုနှင့် ဘိုင်ယန်မြူးနစ်တို့၏ တောင်းဆိုမှုက ယူရို(၁၀)သန်းခန့် ကွာဟနေ

သီယာဂိုကို ခေါ်ယူရန် လီဗာပူးလ်အသင်း ကြိုးပမ်းမှုနှင့် ဘိုင်ယန်မြူးနစ်တို့၏ တောင်းဆိုမှုက ယူရို(၁၀)သန်းခန့် ကွာဟနေ
Photo: Getty Images
Photo: Getty Images
Published 24 July 2020

လီဗာပူးလ်အသင်းသည် ဘိုင်ယန်မြူးနစ်အသင်း၏ စပိန်လက်ရွေးစင်ကွင်းလယ်လူ သီယာဂိုအား ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ဘိုင်ယန်မြူးနစ်အသင်း တောင်းဆိုသည့် ပြောင်းရွှေ့ကြေးနှင့် ယူရို(၁၀)သန်းခန့် ကွာဟနေသည်ဟု Bild သတင်း စာက ဖော်ပြခဲ့သည်။

သီယာဂိုသည် ဘိုင်ယန်မြူးနစ်အသင်းတွင် အနာဂတ်မရှိတော့ဘဲ အသင်းပြောင်းရွှေ့ရန် စီစဉ်နေသူဖြစ်ပြီး လီဗာပူးလ်အသင်းထံသို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားနေသူဖြစ်သည်။

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကလည်း သီယာဂိုကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ဘိုင်ယန်မြူးနစ်အသင်းထံ ဈေးနှုန်းစုံစမ်းခဲ့ရာ ယူရို (၃၅)သန်း ဈေးနှုန်းသတ်မှတ်ထားကြောင်းသိရှိရသည်။

စာချုပ်ကုန်ဆုံးရန် နီးစပ်နေသည့် သီယာဂိုအား ခေါ်ယူမည်ဆိုပါက လီဗာပူးလ်အသင်းသည် မြင့်မားသည့် လစာငွေပေးချေရမည့်အခြေအနေတွင် ကစားသမားအတွက် ပြောင်းရွှေ့ကြေးကိုမူ ယူရို (၂၅)သန်းခန့်သာ ပေးချေလိုသည့်အတွက် ယင်းနှစ်သင်းအကြား သဘောတူညီမှု ရရှိရန်မှာ ယူရို (၁၀) သန်းအထိ ကွာဟနေခြင်းလည်းဖြစ်သည်။

အသက် (၂၉)နှစ်အရွယ်ရှိပြီဖြစ်သည့် သီယာဂိုသည် ဘာစီလိုနာလူငယ်စီမံကိန်းထွက်ကစားသမားဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်း၏ အဓိကကစားသမားတစ်ဦးအဖြစ် ရာသီများစွာ ကစားပေးခဲ့သလို လက်ရှိ စပိန်လက်ရွေးစင်အသင်း၏ အဓိက ကစားသမားစာရင်းဝင်တစ်ဦးလည်း ဖြစ်သည်။

Most Read

Most Recent