ဘရူနိုဖာနန်ဒက်စ်အတွက် ပေးရမည့် Add-Ons ကြေးများကြောင့် မန်ယူအသင်း၏ နွေရာသီအသုံးစရိတ် လျော့ကျဖွယ်ရှိ

ဘရူနိုဖာနန်ဒက်စ်အတွက် ပေးရမည့် Add-Ons ကြေးများကြောင့် မန်ယူအသင်း၏ နွေရာသီအသုံးစရိတ် လျော့ကျဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 23 July 2020

မန်ယူအသင်းသည်  အသင်း၏ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အတွက် သူ၏အသင်းဟောင်း စပို့တင်းလစ္စဘွန်းသို့ အပြောင်းအရွှေ့ထပ်ဆောင်းစရိတ်(Add-Ons) ကြေးများပေးရဦးမည်ဖြစ်ရာ လာမည့် နွေရာသီအသုံးစရိတ်ကို ထိခိုက်ဖွယ်ရှိနေကြောင်းသိရသည်။ 

ဘရူနိုဖာနန်ဒက်စ်သည် ယခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့့ကာလ၌ မန်ယူအသင်းသို့ ရောက်ရှိလာပြီး  အသင်းအတွက် ပြိုင်ပွဲစုံ(၁၉)ပွဲ ကစားပေးထားသည်။

မန်ယူအသင်းနှင့် စပို့တင်းလစ္စဘွန်းအသင်းတို့ ချုပ်ဆိုထားသည့် အပြောင်းအရွှေ့စာချုပ်ပါ သဘောတူညီချက်အရ အသင်းအတွက် သူကစားသည့်ပွဲ (၂၀)ပွဲ ပြည့်ခဲ့ပါက မန်ယူအသင်းသည် စပို့တင်းလစ္စဘွန်းအသင်းအား Add-Ons  ကြေး ပေါင်(၄ .၅)သန်းပေးရမည်ဖြစ်သည်။ 

ထို့ပြင် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့လျှင်လည်း မန်ယူအသင်းသည် စပို့တင်းလစ္စဘွန်းအသင်းအား Add-Ons  ကြေး နောက်ထပ် ပေါင်(၄ .၅)သန်းပေးရမည်ဖြစ်သည်။ 

သို့ဖြစ်ရာ မန်ယူအသင်းအနေဖြင့် ဘရူနိုဖာနန်ဒက်စ်အတွက် သူ၏အသင်းဟောင်း စပို့တင်းလစ္စဘွန်းအသင်းသို့ Add-Ons ကြေး ပေါင်(၉)သန်းအထိ ပေးရဖွယ်ရှိနေပြီး အသင်း၏ နွေရာသီအသုံးစရိတ် လျော့ပါးသွားဖွယ်ရှိသည်ဟု ဗြိတိန်သတင်းစာများ က ဖော်ပြခဲ့ကြသည်။

Most Read

Most Recent