ပယ်နယ်တီပေးခဲ့ရသည့် ပေါ့ဘာ၏ လုပ်ရပ်မှာ ရှက်စရာအလွန်ကောင်းသည်ဟု ဂယ်ရီနဗီးလ် ဝေဖန်

ပယ်နယ်တီပေးခဲ့ရသည့် ပေါ့ဘာ၏ လုပ်ရပ်မှာ ရှက်စရာအလွန်ကောင်းသည်ဟု ဂယ်ရီနဗီးလ် ဝေဖန်
Published 23 July 2020

ပွဲချိန် (၄၅+၂) မိနစ်တွင် ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်၏ ဖရီးကစ်ကန်ချက်ကို လူတံတိုင်းကာထားသည့် ပေါ့ဘာက လက်ဖြင့် တားခဲ့ခြင်းဖြစ်သည်။ 

Sky Sports ရုပ်သံတွင် ဘောလုံးဝေဖန်သူအဖြစ် လုပ်ကိုင်နေသည့် မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဝက်စ်ဟမ်းနှင့်ပွဲတွင် ပယ်နယ်တီပေးခဲ့ရသည့် မန်ယူကွင်းလယ်လူ ပေါ့ဘာ၏ လုပ်ရပ်မှာ အလွန်ရှက်စရာကောင်းသည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ 

ဇူလိုင် (၂၂)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ (၁-၁) ဝက်စ်ဟမ်းပွဲတွင် မန်ယူအသင်းသည် ပထမပိုင်းပြီးခါနီးတွင် ပေါ့ဘာကြောင့် ပယ်နယ်တီ ပေးခဲ့ရသည်။ 

ပွဲချိန် (၄၅+၂) မိနစ်တွင် ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်၏ ဖရီးကစ်ကန်ချက်ကို လူတံတိုင်းကာထားသည့် ပေါ့ဘာက လက်ဖြင့် တားခဲ့ခြင်းဖြစ်သည်။ 

ယင်းနောက်တွင် ပေါ့ဘာသည် ဦးခေါင်းကို ဘောလုံးထိမှန်သည့်ပုံစံမျိုး ဟန်ဆောင်ခဲ့သော်လည်း VAR ကို ပြန်ကြည့်ကာ ဝက်စ်ဟမ်းအသင်းကို ပယ်နယ်တီကန်ခွင့်ပေးခဲ့သည်။ 

Sky Sports တွင် အဆိုပါပွဲစဉ်ကို တင်ဆက်နေသည့် ဂယ်ရီနဗီးလ်က  ပေါ့ဘာ၏လုပ်ရပ်မှာ အလွန်ရှက်စရာကောင်းသည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ခဲ့ခြင်းဖြစ်သည်။ 

ဂယ်ရီနဗီးလ်က "ပေါ့ဘာကတော့ ဒုက္ခရောက်ပြီ။ သူဟာ ဝက်စ်ဟမ်းအသင်းကို ပယ်နယ်တီ ပေးလိုက်ပြီး သူ့ဦးခေါင်းကို ဘောလုံးထိမှန်သလို ဟန်ဆောင်နေပါတယ်။ ဒါဟာ ပေါ့ဘာရဲ့ အမှိုက်ဆန်တဲ့လုပ်ရပ်ပါ။ သူ့ဦးခေါင်းကို ထိတယ်ထင်လို့ ကျွန်တော် သနားသွားသေးတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်က အရမ်းရှက်စရာကောင်း ပါတယ်။ ဒါက ပယ်နယ်တီပါပဲ။ ဒါက ဦးနှောက်မရှိတဲ့ လုပ်ရပ်ဖြစ် ပါတယ်။ ဒါမျိုး လုပ်လို့မရပါဘူး"ဟု ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် အဆိုပါပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်းကို နောက်မှလိုက်ကစားခဲ့ရပြီး ပွဲချိန် (၅၁)မိနစ်တွင် သွင်းယူခဲ့သည့် ဂရင်းဝုဒ်၏ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။ 

မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းရားက ပေါ့ဘာသည် ဝက်စ်ဟမ်းအသင်းနှင့် သရေ ကျသည့်ပွဲတွင် ၎င်းကြောင့် ပယ်နယ်တီပေးခဲ့ရခြင်းအတွက် ပွဲအပြီးတွင် အသင်းဖော်များကို တောင်းပန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent