လာမည့်ရာသီတွင် PSG အသင်း၌ ဆက်ရှိနေမည်ဟု ဘာပေ ဆို

လာမည့်ရာသီတွင် PSG အသင်း၌ ဆက်ရှိနေမည်ဟု ဘာပေ ဆို
Photo: Getty Images
Photo: Getty Images
Published 22 July 2020

PSG တိုက်စစ်မှူး ဘာပေက မိမိအနေဖြင့် လာမည့် ၂၀၂၀-၂၁ ရာသီတွင် အသင်း၌ ဆက်ရှိနေမည်ဟု ပြောကြားခဲ့သည်။ 

PSG တိုက်စစ်မှူး ဘာပေက မိမိအနေဖြင့် လာမည့် ၂၀၂၀-၂၁ ရာသီတွင် အသင်း၌ ဆက်ရှိနေမည်ဟု ပြောကြားခဲ့သည်။ 

အသက် (၂၁)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် PSG အသင်းနှင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်သော်လည်း လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။ 

ထို့ကြောင့် ဘာပေက မိမိသည် PSG အသင်းကို (၄)နှစ်စီမံကိန်းဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး အသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဘာပေက "ကျွန်တော် PSG အသင်းကို (၄)နှစ် စီမံကိန်းနဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး ဒီအသင်းမှာ ကျွန်တော် ဆက်ရှိနေမယ်လို့ ပြောချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အသင်းမှာ ကျွန်တော် ဆက်ရှိနေမှာပါ။ ကျွန်တော့်အနေနဲ့ PSG အသင်းကို ဆုဖလားတွေ ရရှိအောင်၊ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းဖြစ်အောင် ကူညီပေးချင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် ဘာပေအား ခေါ်ယူရန် စိတ်ဝင်စားနေပြီး ၂၀၂၁ နွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

Most Read

Most Recent