ပါးမား - ဆမ်ဒိုးရီးယား (တနင်္ဂနွေည ၉း၄၅ နာရီ)
ပါးမားက ရလဒ်ဆိုးတွေကြား ယိမ်းယိုင်နေတယ်။ တောင် ပံတိုက်စစ်ကစားပုံမဆိုးဘဲဂိုးတွေရနေပေမယ့် ခံစစ်ကဂိုးတွေ ပြန်ပေးရလို့ စိတ်ပျက်စရာဖြစ်နေတယ်။ ဆမ်ဒိုးရီးယားက တန်း မဆင်းရအောင် အမှတ်လိုအပ်နေလို့ ကြိုးစားရုန်းကန်နေတယ်။ ကစားပုံလည်း တိုးတက်မှုတွေရှိလာတယ်။ ဒီပွဲမှာလည်း ပါးမား ဆီကနေ အမှတ်လုယူနိုင်မယ်ထင်တယ်။ နှစ်သင်းပေါင်းသွင်းဂိုး (၃)ဂိုးအနည်းဆုံးရှိနိုင်ပြီး ဆမ်ဒိုးရီးယားအမှတ်ရမယ်။
ဂျီနိုအာ - လက်ချီ (တနင်္ဂနွေည ၁၂းဝ၀ နာရီ)
လာဇီယိုကို မထင်မှတ်ဘဲအနိုင်ရခဲ့ပြီးနောက် လက်ချီက ဇာတာပြန်တက်လာပါတယ်။ တန်းဆင်းဇုန်ကလွတ်မြောက်နိုင် မယ့် မျှော်လင့်ချက်လည်းရှိလာတယ်။ ဒါပေမဲ့ တန်းဆင်းဇုန်ပြိုင် ဘက်ချင်းဖြစ်နေလို့ ဂျီနိုအာ အမှတ်ရအောင်ယူလိမ့်မယ်။
ဘရက်စီယာ - SPAL (တနင်္ဂနွေည ၁၂းဝ၀ နာရီ)
နှစ်သင်းစလုံး မျှော်လင့်ချက်အတော်နည်းနေပါပြီ။ ခံစစ် ကစားပုံလည်း တူညီစွာဆိုးရွားနေပြီး ဂိုးတွေဆက်တိုက်ပေးနေ ရတယ်။ နိမ့်ကျနေတဲ့ဘဝတူချင်းဆုံတွေ့တာဖြစ်လို့ မထူးဇာတ် ခင်းပြီးကစားကြလိမ့်မယ်။ ဘရက်စီယာ နိုင်မယ်။
ဖီအိုရင်တီးနား - တိုရီနို (တနင်္ဂနွေည ၁၂းဝ၀ နာရီ)
တစ်ချိန်တုန်းက ဥရောပပြိုင်ပွဲဝင်ခွင့်မျှော်လင့်ချက်ရှိခဲ့ သူတွေက အခုဆိုရင် တန်းမဆင်းရအောင် အတူရုန်းကန်နေရ ပါတယ်။ တိုရီနိုက ခံစစ်ကစားပုံ ဟာကွက်တွေများနေပေမယ့် တိုက်စစ်က ဖီအိုရင်တီးနားထက် ပိုပြီးကောင်းမွန်တယ်။ သရေ ကျဖို့များပြီး နှစ်သင်းပေါင်းဂိုးနည်းနိုင်တယ်။
နာပိုလီ - အူဒီးနီးစ် (တနင်္ဂနွေည ၁၂းဝ၀ နာရီ)
ယူရိုပါလိဂ်ဝင်ခွင့်ရရှိအောင် နာပိုလီ အမှတ်ရှာရပါဦး မယ်။ အူဒီးနီးစ်ကလည်း တန်းဆင်းဇုန်နဲ့ လွတ်မြောက်အောင် ရုန်းကန်ရပါဦးမယ်။ စုဖွဲ့မှုနဲ့ကစားပုံအရ အူဒီးနီးစ်က နာပိုလီ ကို အကြီးအကျယ်ဒုက္ခပေးနိုင်မှာမဟုတ်ဘူး။ ရိုးမားကို အဝေး ကွင်းမှာ အူဒီးနီးစ်အနိုင်ရခဲ့ပေမယ့် နေပယ်မှာ သိပ်ပြီးမျှော်လင့် ချက်မရှိဘူး။ အူဒီးနီးစ်ခံစစ်ကစားပုံ အားနည်းချက်တွေ များလို့ နာပိုလီ (၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။
ရိုးမား - အင်တာမီလန် (တနင်္လာနံနက် ၂း၁၅ နာရီ)
အင်တာမီလန်နည်းပြ ကွန်တီရဲ့အနာဂတ် လှုပ်ခတ်နေတယ်။ မျှော်လင့်ချက်ကြီးစွာ ခေါ်ယူခဲ့ပေမယ့် ကွန်တီက မျှော်လင့်သလောက်ဖြစ်မလာသေးဘူး။ ခံစစ်ဗျူဟာ<ကယ်ဝတဲ့ ကွန်တီရဲ့အင်တာမီလန်က နောက်ပိုင်းပွဲတွေမှာ ဂိုးတွေခပ်လွယ်လွယ်ပေးနေရတာပြဿ နာဖြစ်နေတယ်။ ရိုးမားက ယူရိုပါလိဂ်ဝင်ခွင့်အတွက် အမှားမခံဘူး။ အမှတ်လိုအပ်ချက်မြင့် မားနေတဲ့ ရိုးမား ရလဒ်ကောင်းပါလိမ့်မယ်။ နှစ်သင်းပေါင်းသွင်းဂိုး များနိုင်တယ်။









