ယခုစာရင်းတွင် ချန်ပီယံဆုရရှိပြီးသည့် လီဗာပူးလ်၊ ဒုတိယနေရာသေချာနေသည့် မန်စီးတီးနှင့် ဇယားအောက်ဆုံးမှ တန်းဆင်းသွားရပြီဖြစ်သည့် နောဝစ်ချ် အသင်းတို့မှလွဲ၍ ကျန် ၁၇ သင်း၏ အဆင့်အလိုက် ဖြစ်နိုင်ခြေရှိသည့် ရပ်တည်မှုကို ရာခိုင်နှုန်းအနည်း အများဖြင့် ဖော်ပြထားသည်။
ပရီးမီးယားလိဂ် ရာသီပြီးဆုံးချိန်တွင် ဖြစ်နိုင်ခြေရှိသည့် အမှတ်ပေးဇယားရပ်တည်မှုကို States Perform ကုမ္ပဏီက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

States Perform သည် အမေရိကန်နိုင်ငံ ချီကာဂိုအခြေစိုက် အားကစားအချက်အလက်နှင့် လေ့လာသုံးသပ်ချက်ထုတ်ပြန်သည့် ကုမ္ပဏီ ဖြစ်ပြီး ပရီးမီးယားလိဂ် ရာသီကုန် အမှတ်ပေးဇယား ဖြစ်နိုင်ခြေရပ်တည်မှုကို ရာခိုင်နှုန်းများဖြင့် ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။ ယခုစာရင်းတွင် ချန်ပီယံဆုရရှိပြီးသည့် လီဗာပူးလ်၊ ဒုတိယနေရာသေချာနေသည့် မန်စီးတီးနှင့် ဇယားအောက်ဆုံးမှ တန်းဆင်းသွားရပြီဖြစ်သည့် နောဝစ်ချ် အသင်းတို့မှလွဲ၍ ကျန် ၁၇ သင်း၏ အဆင့်အလိုက် ဖြစ်နိုင်ခြေရှိသည့် ရပ်တည်မှုကို ရာခိုင်နှုန်းအနည်း အများဖြင့် ဖော်ပြထားသည်။

လက်ကျန်ပွဲစဉ်အနေအထားအရ ချန်ပီယံလိဂ်ဝင်ခွင့် နှစ်နေရာအတွက် ချယ်လ်ဆီးနှင့် မန်ယူအသင်းတို့ အခြေအနေကောင်းနေပြီး လက်စတာအသင်းမှာမူ အဆင့် ၅၊ ၆ အထိ ရောက်သွားနိုင်ကြောင်း ခန့် မှန်းထားသည်။ ချယ်လ်ဆီးအသင်း က တတိယနေရာအတွက် ၄၈ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်နေ ပြီး စတုတ္ထနေရာအတွက် ၃၉ ဒသမ ၄ ရာခိုင်နှုန်းနှင့် ပဥ္စမနေရာအတွက် ၁၂ ရာခိုင်နှုန်း သတ်မှတ်ခံထားရသည်။ မန်ယူအသင်းက တတိယ နေရာအတွက် ၃၉ ဒသမ ၄ ရာခိုင် နှုန်း၊ စတုတ္ထနေရာအတွက် ၄၁ ဒသမ ၃ ရာခိုင်နှုန်းနှင့် ပဥ္စမနေရာအတွက် ၁၉ ဒသမ ၃ ရာခိုင်နှုန်း သတ်မှတ် ခံထားရသည်။ လက်ကျန်နှစ်ပွဲတွင် စပါးနှင့် အဝေးကွင်း၊ မန်ယူနှင့် အိမ် ကွင်းကစားရမည့် လက်စတာအသင်း က တတိယနေရာအတွက် ၁၂ ရာ ခိုင်နှုန်း၊ စတုတ္ထနေရာအတွက် ၁၉ ဒသမ ၄ ရာခိုင်နှုန်း၊ ပဥ္စမနေရာ အတွက် ၆၅ ဒသမ ၄ ရာခိုင်နှုန်းနှင့် အဆင့် ၆ နေရာအတွက် ၃ ဒသမ ၃ ရာခိုင်နှုန်းရှိနေသည်။

ယူရိုပါလိဂ်တိုက်ရိုက်ဝင်ခွင့် အဆင့် ၆ နေရာအတွက် မော်ရင်ဟို ၏ စပါးအသင်းက ၄၁ ဒသမ ၇ ရာ ခိုင်နှုန်းဖြင့် ဖြစ်နိုင်ခြေအများဆုံးဖြစ် နေပြီး အဆင့် ၇ နေရာအတွက် ၂၇ ဒသမ ၈ ရာခိုင်နှုန်း၊ အဆင့် ၈ နေရာ အတွက် ၁၈ ဒသမ ၂ ရာခိုင်နှုန်း၊ အဆင့် ၉ နေရာအတွက် ၁၀ ဒသမ ၈ ရာခိုင်နှုန်း၊ အဆင့် ၁၀ နေရာ အတွက် ၁ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ခံထားရသည်။ ဝုလ်ဗ်အသင်းက အဆင့် ၅ နေရာအတွက် ၃ ဒသမ ၃ ရာခိုင်နှုန်း၊ အဆင့် ၆ နေရာအတွက် ၃၀ ဒသမ ၈ ရာခိုင်နှုန်း၊ အဆင့် ၇ နေရာအတွက် ၃၀ ဒသမ ၂ ရာခိုင် နှုန်း၊ အဆင့် ၈ နေရာအတွက် ၂၄ ရာခိုင်နှုန်း၊ အဆင့် ၉ နေရာအတွက် ၁၀ ဒသမ ၈ ရာခိုင်နှုန်း၊ အဆင့် ၁၀ နေရာအတွက် ၀ ဒသမ ၉ ရာခိုင်နှုန်း သတ်မှတ်ထားရာ ယူရိုပါလိဂ်ဝင်ခွင့် တစ်နေရာကို ရယူနိုင်ရန် ဖြစ်နိုင်ခြေ များနေသည်။ Big Six စာရင်းဝင် အာဆင်နယ်အသင်းမှာမူ အဆင့် ၆ နေရာအတွက် ၁၆ ရာခိုင်နှုန်း၊ အဆင့် ၇ နေရာအတွက် ၂၅ ဒသမ ၃ ရာခိုင်နှုန်း၊ အဆင့် ၈ နေရာအတွက် ၂၆ ဒသမ ၇ ရာခိုင်နှုန်း၊ အဆင့် ၉ နေရာအတွက် ၂၄ ဒသမ ၃ ရာခိုင် နှုန်း၊ အဆင့် ၁၀ နေရာအတွက် ၇ ဒသမ ၈ ရာခိုင်နှုန်း သတ်မှတ်ခံထား ရသဖြင့် ၁၉၉၅-၁၉၉၆ ရာသီနောက် ပိုင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲ ဝင်ခွင့် လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

တန်းဆင်းဇုန်အတွက် လက် ကျန်နှစ်ပွဲအလိုတွင် ခြောက်မှတ်အသာရထားသည့် အဆင့် ၁၅ မှ ဝက်စ်ဟမ်းနှင့် အဆင့် ၁၆ မှ ဘရိုက်တန်အသင်းတို့ လွတ်မြောက်ရန် ရာ နှုန်းပြည့်နီးပါး သေချာနေပြီး ဝက်ဖို့ဒ်၊ ဘုန်းမောက်နှင့် ဗီလာအသင်းတို့သာ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၎င်းင်းတို့အနက် ဝက်ဖို့ဒ်အသင်းက အဆင့် ၁၅ နေရာအတွက် ၈ ဒသမ ၅ ရာခိုင်နှုန်း၊ အဆင့် ၁၆ နေရာ အတွက် ၁၅ ဒသမ ၆ ရာခိုင်နှုန်း၊ အဆင့် ၁၇ နေရာအတွက် ၅၄ ဒသမ ၇ ရာခိုင်နှုန်း၊ အဆင့် ၁၈ နေရာ အတွက် ၁၇ ဒသမ ၈ ရာခိုင်နှုန်း၊ အဆင့် ၁၉ နေရာအတွက် ၃ ဒသမ ၂ ရာခိုင်နှုန်း သတ်မှတ်ခံထားရ သည်။ ဘုန်းမောက်အသင်းမှာမူ အဆင့် ၁၈ နေရာအတွက် ၄၁ ဒသမ ၁ ရာခိုင်နှုန်းနှင့် အဆင့် ၁၉ နေရာ အတွက် ၄၈ ဒသမ ၈ ရာခိုင်နှုန်း၊ ဗီလာအသင်းက အဆင့် ၁၈ နေရာ အတွက် ၃၅ ရာခိုင်နှုန်းနှင့် အဆင့် ၁၉ နေရာအတွက် ၄၆ ဒသမ ၈ ရာခိုင်နှုန်း သတ်မှတ်ခံထားရသည်။















