ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သာ အသင်းသို့ ပြောင်းရွှေ့လာမည်ဆိုပါက ကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမူက လော်တာရိုမာတီနက်ဇ်အတွက် ဆွေးနွေးမှုများကို ရပ်တန့်လိုက်ပြီဟု ပြီးခဲ့သည့်ရက်ပိုင်းက ပြောဆိုခဲ့သော်လည်း ဘာစီလိုနာအသင်းသည် လော်တာရိုမာတီနက်ဇ်ကို ယူရိုသန်း (၇၀)+ ဖီပိုဖြင့် ကမ်းလှမ်းခဲ့ပြီး ယင်းကမ်းလှမ်းမှုကို အင်တာမီလန်အသင်းက လက်ခံခဲ့ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။
ဆွာရက်ဇ်က လော်တာရိုမာတီနက်ဇ်မှာ ထိပ်တန်းကစားသမားဖြစ်ကြောင်း ချီးကျူးခဲ့သည်။ ''သူ(လော်တာရိုမာတီနက်ဇ်)က စစ်မှန်တဲ့ ထိပ်တန်းကစားသမားတစ်ဦးပါ။ သူဟာ အင်တာမီလန်အသင်းမှာ ထိပ်တန်းခြေစွမ်းနဲ့ ကစားနေသူလည်း ဖြစ်ပါတယ်။ သူက အသက် (၂၂)နှစ်ပဲ ရှိသေးလို့ ဒီထက်ပို တိုးတက်လာဦးမှာပါ။ သူသာ ဘာစီလိုနာကို ရောက်လာမယ်ဆိုရင် ကျွန်တော်တို့ ကူညီသွားမှာပါ''ဟု ဆွာရက်ဇ်က ဆိုခဲ့သည်။









