နေမာအတွက် ဆန်းတို့စ်အသင်း၏ တရားစွဲဆိုမှုကို CAS ပယ်ချ

နေမာအတွက် ဆန်းတို့စ်အသင်း၏ တရားစွဲဆိုမှုကို CAS ပယ်ချ
Photo: AS
Photo: AS
Published 9 July 2020

နေမာ၏အပြောင်းအရွှေ့အတွက် ဘာစီလိုနာအသင်းထံမှ ယူရို (၆၁.၃) သန်း ရလိုမှုဖြင့် ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်း၏ တရားစွဲဆိုမှုကို နိုင်ငံတကာအားကစားခုံရုံး(CAS) က ပယ်ချခဲ့ကြောင်း သိရသည်။ 

ဆန်းတို့စ်အသင်းက ဘာစီလိုနာအသင်းသည် နေမာအား ခေါ်ယူရာတွင် အားကစားစည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

သို့သော် CAS က နေမာ၏ အပြောင်းအရွှေ့ကိစ္စတွင် ဘာစီလိုနာအသင်း အမှားလုပ်ခဲ့ခြင်းမရှိကြောင်းနှင့် ဆန်းတို့စ်အသင်းအနေဖြင့် ဘာစီလိုနာအသင်း၏တရားရင်ဆိုင်စရိတ် (ယူရို ၁၈၈၀၀၀)ကို ပေးချေရမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ 

ဘာစီလိုနာအသင်းသည် အသင်းထံ ရောင်းထုတ်ထားသည့် နေမာကို ပြန်လည်ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းထွက်ပေါ်နေသော်လည်း ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူက ဖြစ်နိုင်ခြေမရှိဟု ပြောကြားခဲ့ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent