၂၀၁၆ ခုနှစ်မှ စတင်ပြီး အကယ်ဒမီထွက်ကစားသမားများရောင်းချမှုမှ  ရီးယဲလ်မက်ဒရစ်အသင်း ယူရို (၂၄၆)သန်းအထိ ရရှိထား

၂၀၁၆ ခုနှစ်မှ စတင်ပြီး အကယ်ဒမီထွက်ကစားသမားများရောင်းချမှုမှ  ရီးယဲလ်မက်ဒရစ်အသင်း ယူရို (၂၄၆)သန်းအထိ ရရှိထား
Photo: Sky Sports
Photo: Sky Sports
Published 9 July 2020

စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းသည် ၂၀၁၆ ခုနှစ်မှစတင်ပြီး အကယ်ဒမီထွက်ကစားသမားများကို ရောင်းချမှုမှ ယူရို (၂၄၆)သန်းအထိ ရရှိခဲ့ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။ 

ရီးယဲလ်အသင်းသည် ၂၀၁၆ ခုနှစ်မှ ယခုအချိန်ထိ (၄)နှစ်တာကာလအတွင်း အကယ်ဒမီထွက်ကစားသမား (၁၃)ဦးအထိ ရောင်းချခဲ့ပြီး ယင်းမှ ယူရို (၂၄၆)သန်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံး (၄)နှစ်တာကာလအတွင်း ရီးယဲလ်အသင်း ရောင်းချခဲ့ရသည့် ကစားသမားများထဲတွင် စျေးအကြီးဆုံးကစားသမားမှာ လက်ရှိ အက်သလက်တီကိုအသင်းတွင် ကစားနေသည့် စပိန်တိုက်စစ်မှူး မိုရာတာဖြစ်သည်။ 

ရီးယဲလ်အသင်းသည် ၂၀၁၇ ခုနှစ်တွင် မိုရာတာကို ချယ်လ်ဆီးအသင်းထံသို့ ယူရို (၆၆)သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။ 

မိုရာတာ၏နောက်တွင် ဟာကီမီ၊ မားကို့စ်လော်ရန်တေး၊ ဟယ်ဆေးရိုဒရီဂွက်ဇ်နှင့် တိုမက်စ်တို့က အဆင့် (၂)မှ အဆင့် (၅)အတွင်း အစဉ်လိုက် ရပ်တည်နေကြောင်း သိရသည်။ 

ရီးယဲလ်အသင်းသည် နောက်ဆုံး(၄)နှစ်အတွင်း အကယ်ဒမီထွက် ကစားသမားများကို ရောင်းချခဲ့ပြီး လူငယ်ကစားသမားများကို အဓိကခေါ်ယူခဲ့ကြောင်း သိရသည်။

Most Read

Most Recent