ဆယ်လ်တာဗီဂို - ဘက်တစ် (စနေည ၉း၃၀ နာရီ)
နည်းပြသစ်လက်ထဲက ဘက်တစ်အတွက် အဝေးကွင်း ကစားပုံ ချက်ချင်းပြောင်းလဲပြနိုင်ဖို့ဆိုတာ မလွယ်လှသေးပါဘူး။ ဆယ်လ်တာဗီဂိုကတော့ တန်းဆင်းအန္တရာယ်နဲ့ဝေးရာ စိတ်ချရ တဲ့နေရာရောက်ဖို့ အားထုတ်နေသလို၊ ခြေစွမ်းကလည်း သိသိ သာသာ တိုးတက်လာနေတယ်။ ဆယ်လ်တာဗီဂိုနဲ့ ဂိုးအများကိုပဲ ရွေးထားကြည့်ချင်တယ်။
ဗယ်လာဒိုလစ် - အလာဗတ်စ် (စနေည ၁၂းဝ၀ နာရီ)
လက်ရှိမှာ ဗယ်လာဒိုလစ်ရဲ့ခြေစွမ်းက အလာဗတ်စ်ထက် ပိုငြိမ်နေတယ်။ အမှားနည်းအောင်လည်း ပိုပြီးထိန်းကစားနိုင် တာ တွေ့ရတယ်။ အလာဗတ်စ်ကလည်း အဝေးကွင်းမှာ သိပ် မစွံလို့ ဗယ်လာဒိုလစ်နဲ့ ဂိုးအနည်းပဲ ရွေးထားလိုက်မယ်။
ဂရန်နာဒါ - ဗလင်စီယာ (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)
ဗလင်စီယာကတော့ COVID-19 အလွန် အားရစရာမ ကောင်းလှတဲ့အသင်းတွေထဲမှာ ပါနေတယ်။ အဝေးကွင်းမှာ စွမ်း ဆောင်ရည်ပျောက်နေပြီး ပွဲတိုင်းရှုံးထားသလို တိုက်စစ်ကလည်း တစ်ဂိုးမှမသွင်းနိုင်ခဲ့ဘူး။ ဂရန်နာဒါကလည်း ဒဏ်ရာပြဿနာတွေ အောက်မှာ ရုန်းကန်နေရပြီး ခြေစွမ်းမငြိမ်ဘူးဖြစ်နေတယ်။ အိမ် ကွင်းခြေစွမ်းကလည်း အားရစရာမကောင်းလို့ အဝေးကွင်းမှာ ဗလင်စီယာ အမှတ်ရဖို့အခွင့်အရေးရှိနိုင်တယ်။ နှစ်သင်းစလုံးက ဥရောပဝင်ခွင့် မျှော်လင့်နိုင်နေကြတဲ့အချက်ကလည်း ဒီပွဲကို ပိုပြီး အရှိန်မြင့်စေတယ်။ ဂိုးနည်းသရေလို့ပဲ ကြားချထားချင်တယ်။









