လေဗာကူဆင် - ဘိုင်ယန်မြူးနစ် (တနင်္ဂနွေနံနက် ၁၂း၃၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းမှာ ကွင်းလယ်လူတွေဖြစ်တဲ့ သီယာ ဂို၊ တိုလစ်ဆိုတို့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး ကော်တင်ဟိုကလည်း ဝုလ်ဖ်ဘတ်နဲ့ပွဲမှာ လူစားဝင်ကစားခဲ့တယ်။ ဒါပေမဲ့ နည်းပြ ဟန်ဆီ ဖလစ်ခ်ကတော့ Pandemic ကာလ အသုံးအများဆုံး Line-up နဲ့ပဲ ပွဲထွက်လာဖို့ရှိပါတယ်။ လေဗာကူဆင်အသင်းမှာ အဓိက ကစားသမား ဟာဗက်ဇ် ပြန်ကစားနေပြီ။ ပြိုင်ပွဲတွေ ပြန်ကစားချိန်က ခြေစွမ်း၊ ယုံကြည်ချက်ပြင်းထန်တာမျိုး ဟာဗက်ဇ်တစ်ယောက် ပြန်မတည်ဆောက်နိုင်သေးဘူး။ အခုပွဲမှာ ဟာဗက်ဇ်ကို False 9 ကစားခိုင်းတာမျိုးထက် ဗော်လန်းရဲ့နောက်က No-10 Role ပုံစံ မျိုးပဲ လေဗာကူဆင်နည်းပြ ပေတာဘော့ဇ်က ထုတ်သုံးဖို့များတယ်။ ပြီးခဲ့တဲ့(၂)ရာသီအတွင်း လေဗာကူဆင်က ဘိုင်ယန်အသင်းကို ဒုက္ခပေးတတ်တဲ့ စာရင်းထဲပါဝင်ပေမယ့် လက်ရှိ ဘိုင်ယန်ရဲ့ အ သင်းလိုက်တည်ငြိမ်မှုကို ဘယ်ဂျာမန်ပြိုင်ဘက်ကလပ်ကမှ ယှဉ် ကစားဖို့ မဖြစ်နိုင်ပါဘူး။ ဘိုင်ယန်ကိုပဲ ရွေးချယ်ချင်တယ်။
- ဘိုင်ယန်မြူးနစ်အသင်းသည် ဂျာမန်ဖလား နောက်ဆုံး(၈)ပွဲဆက်တိုက် အနိုင်ကစားထားသည်။
- လေဗာကူဆင်အသင်းသည် ဂျာမန်ဖလား နောက်ဆုံး(၅)ပွဲဆက်တိုက် အနိုင် ကစားထားသည်။
- ဘိုင်ယန်အသင်း၏ ဂျာမန်ဖလားနောက်ဆုံး(၁၀)ပွဲတွင် (၉)ပွဲမှာ နှစ်သင်း ပေါင်း သွင်းဂိုး(၂.၅)ဂိုးအထက်တွင်ဖြစ်သည်။
- ဘိုင်ယန်အသင်းသည် ဂျာမန်ဖလားနောက်ဆုံး(၇)ပွဲတွင် (၆)ပွဲမှာ ပထမပိုင်းရော ဒုတိယပိုင်းမှာပါ အနိုင်ရရှိခဲ့သည်။









