Black Lives Matter အဖွဲ့၏ နိုင်ငံရေး သဘောထားကို  မိမိတို့ အားပေးထောက်ခံခြင်းမရှိဟု ပရီးမီးယားလိဂ်အဖွဲ့ချုပ် ကြေညာ

Black Lives Matter အဖွဲ့၏ နိုင်ငံရေး သဘောထားကို  မိမိတို့ အားပေးထောက်ခံခြင်းမရှိဟု ပရီးမီးယားလိဂ်အဖွဲ့ချုပ် ကြေညာ
Published 2 July 2020

ဗြိတိန် Black Lives Matter အဖွဲ့သည် မကြာသေးမီက ၎င်းတို့၏ Twitter စာမျက်နှာ၌ အရင်းရှင်ဝါဒတိုက်ဖျက်ရေး၊ ဗြိတိန်ရဲများကို ရန်ပုံငွေလျှော့ပေါ့ရေး၊ အစ္စရေးနိုင်ငံနှင့် ကုန်သွယ်မှုကို ရပ်တန့်ရေးစသော နိုင်ငံရေးအယူအဆပါဝင်သည့် Post များကို တင်ခဲ့သည်။ 

ပရီးမီးယားလိဂ်တွင် လူဖြူ၊ လူမည်းခွဲခြားခြင်းကို ဆန့်ကျင်သောအနေဖြင့် Black Lives Matter လှုပ်ရှားမှုများကို ပြုလုပ်နေသော်လည်း ဗြိတိန် Black Lives Matter အဖွဲ့၏ နိုင်ငံရေးသဘောထားအယူအဆများကို အားပေးထောက်ခံခြင်းမရှိကြောင်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အသားအရောင်/လူမျိုးရေးခွဲ ခြားမှုဆန့်ကျင်ရေးအဖွဲ့တစ်ခုဖြစ်သော ဗြိတိန် Black Lives Matter အဖွဲ့သည် မကြာသေးမီက ၎င်းတို့၏ Twitter စာမျက်နှာ၌ အရင်းရှင်ဝါဒတိုက်ဖျက်ရေး၊ ဗြိတိန်ရဲများကို ရန်ပုံငွေလျှော့ပေါ့ရေး၊ အစ္စရေးနိုင်ငံနှင့် ကုန်သွယ်မှုကို ရပ်တန့်ရေးစသော နိုင်ငံရေးအယူအဆပါဝင်သည့် Post များကို တင်ခဲ့သည်။ 

လက်ရှိတွင် ပရီးမီးယားလိဂ်အသင်းများသည် လူဖြူလူမည်းခွဲခြားမှုတိုက်ဖျက်ရေးအတွက် ယင်းအဖွဲ့နှင့် ပူးပေါင်း၍ လှုံ့ဆော်မှုများကို ပြုလုပ်လျက်ရှိရာ ယင်းအဖွဲ့၏ နိုင်ငံရေး သဘောထားရေးရာများ ပါဝင်ပတ်သက်လာမည်ကို စိုးရိမ်နေကြသည်။ 

သို့ဖြစ်ရာ ပရီးမီးယားလိဂ်အသင်းများမှ အသင်းခေါင်းဆောင်များ စုပေါင်း၍ ယင်းအဖွဲ့၏ နိုင်ငံရေးရည်မှန်းချက်များနှင့် သက်ဆိုင်မှုမရှိဆိုသည်ကို ကြေညာချက်ထုတ်ပြန်ရန် စီစဉ်နေကြောင်း သိရှိရသည်။

Most Read

Most Recent