စပိန်လာလီဂါပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 27 June 2020

ဘီလ်ဘာအို - မာယော့ကာ (စနေညနေ ၆း၃၀ နာရီ)

တန်းဆင်းဇုန်ကလွတ်အောင် ရုန်းနိုင်သလောက်ရုန်းနေ ပေမယ့် မာယော့ကာရဲ့ခံစစ်ပိုင်းအားနည်းနေမှုက အသင်းအ တွက် အခက်အခဲတစ်ခုလိုဖြစ်နေတယ်။ အခုပွဲမှာလည်း မာ ယော့ကာရဲ့ မျှော်လင့်ချက်က ခပ်ယဲ့ယဲ့ပါပဲ။ ဘီလ်ဘာအိုက ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက် အပြည့်ရှိနေလို့ အိမ်ကွင်းမှာ အားထုတ်လာပါလိမ့်မယ်။ ဘီလ်ဘာအိုနဲ့ ဂိုးအများပါပဲ။

ဆယ်လ်တာဗီဂို - ဘာစီလိုနာ (စနေည ၉း၃၀ နာရီ)

ဘာစီလိုနာကတော့ ပွဲကျပ်တွေဆက်နေတယ်။ အခု ဆယ်လ်တာဗီဂိုနဲ့ကစားပြီးရင် အက်သလက်တီကိုနဲ့ ထပ်ပြီး ရင်ဆိုင်ရဖို့ရှိနေလို့ ဘာစီလိုနာအတွက် တကယ့်ပွဲကျပ်ကာ လဖြစ်နေတယ်။ အခုရင်ဆိုင်ရမယ့် ဆယ်လ်တာဗီဂိုဆိုတာက လည်း တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့အသင်းဖြစ်လို့ ဘာစီလို နာအတွက် ပြိုင်ဘက်ကောင်းဖြစ်လာနိုင်တယ်။ နောက်ဆုံး ကစားထားတဲ့ အလာဗတ်စ်နဲ့အိမ်ကွင်းပွဲမှာလည်း (၆-၀)ဂိုးနဲ့ အနိုင်ယူပြထားလို့ ဆယ်လ်တာဗီဂိုကို လျှော့တွက်လို့မရဘူး။ အထူးသဖြင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ လီဟာနက်စ်နဲ့ပွဲကစလို့ နောက်ဆုံးကစားထားတဲ့ လာလီဂါ (၆)ပွဲမှာ (၁)ဂိုးပဲပေးခဲ့ရပြီး (၅)ပွဲ ပေးဂိုးမရှိအောင်ကစားထားတဲ့ ဆယ်လ်တာဗီဂိုရဲ့ ခံစစ် တိုးတက်နေမှုက အပြောင်းအလဲအမျိုးမျိုးနဲ့ ဘာစီလိုနာတိုက် စစ်ကို စိန်ခေါ်နေသလိုပါပဲ။ ဒီကြားထဲ ဘာစီလိုနာကွင်းလယ် မှာ ဒီယွန်း ဒဏ်ရာရသွားလို့ ကွင်းလယ်ပိုင်းအပြောင်းအလဲ ပါ တွေ့ရနိုင်တယ်။ ဘာစီလိုနာအတွက် ပိုအရေးပါတဲ့ပွဲဆိုပေ မယ့် ဆယ်လ်တာဗီဂိုနဲ့ ဂိုးအနည်းပဲရွေးထားတာ ပိုကောင်းမယ်။

အိုဆာဆူနာ - လီဟာနက်စ် (စနေည ၁၂းဝ၀ နာရီ)

တန်းမဆင်းရရေး အတတ်နိုင်ဆုံးရုန်းနေပေမယ့် လီဟာ နက်စ်တို့ တိုက်စစ်ပိုင်းမှာ ဂိုးသွင်းပေးနိုင်တဲ့သူ အားလျော့သွား တာတွေ့ရတယ်။ ဒါပေမဲ့ အိုဆာဆူနာကလည်း အမှတ်မလိုတဲ့အခြေအနေမို့ ထိန်းထိန်းသိမ်းသိမ်းပဲကစားသွားဖို့ရှိနေတယ်။ လီဟာနက်စ်အတွက် ပိုအရေးပါတဲ့ပွဲဖြစ်နေပြီး အမှတ်ယူဖို့ကြိုးစားပါလိမ့်မယ်။ လီဟာနက်စ်နဲ့ ဂိုးအများပဲကောင်းမယ်။

အက်သလက်တီကို - အလာဗတ်စ် (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)

ပုံမှန်နေရာကိုပြန်ရောက်လာပြီဖြစ်တဲ့ အက်သလက်တီ ကိုအတွက်တော့ လက်ရှိအရှိန်ကို ဆက်ထိန်းထားရုံပါပဲ။ ဒီပွဲပြီး ရင် ဘာစီလိုနာနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဒီပွဲကို အမှတ်ပြည့်အရင် ယူထားမှာလည်း သေချာသလောက်ဖြစ်နေတယ်။ အလာဗတ်စ် ကလည်း အဝေးကွင်းနောက်ဆုံးပွဲမှာ ဆယ်လ်တာဗီဂိုကို ဂိုး ပြတ်အရေးနိမ့်ထားလို့ အက်သလက်တီကိုလိုအသင်းကို အ ဝေးကွင်းမှာ တောင့်ခံနိုင်မယ့်အင်အားမျိုး နည်းလွန်းနေပါ တယ်။ ဒီကြားထဲ အလာဗတ်စ်တိုက်စစ်ကလည်း အဝေးကွင်းဆို ရင် ဂိုးရဖို့ရုန်းကန်နေရပုံနဲ့ အက်သလက်တီကိုခံစစ်ကို ခြိမ်း ခြောက်နိုင်မယ့်အနေအထားမျိုးလည်း ရှိမလာနိုင်သေးဘူး။ ဒီ တော့ အခုပွဲမှာ ထုံးစံအတိုင်း အလာဗတ်စ်ရဲ့ အဝေးကွင်း ခံစစ် ပိတ်အားပြုကစားလေ့ရှိတဲ့ပုံစံကိုပဲ မြင်တွေ့ရဖို့ရှိနေတယ်။ အက်သလက်တီကိုအတွက် အဓိကအဖြေဖြစ်လာနိုင်တာက လည်း ခံစစ်ပိတ်ထားတဲ့ အလာဗတ်စ်ကို ဂိုးရအောင်ကစားပြနိုင် ဖို့ပါပဲ။ အက်သလက်တီကိုနဲ့ ဂိုးအများပဲ ရွေးထားရမယ်။

Most Read

Most Recent