အီတလီစီးရီးအေပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 27 June 2020

ဘရက်စီယာ - ဂျီနိုအာ (စနေည ၉း၄၅ နာရီ)

တန်းဆင်းဇုန်ထဲက နှစ်သင်းအမှတ်လုမယ့်ပွဲပါ။ ဂျီနိုအာ က ပထမဆုံးပြန်ကစားတဲ့ပွဲမှာ ပါးမားကို ဂိုးပြတ်ရှုံးထားပြီး စိတ် ပျက်စရာခြေစွမ်းကို ပြထားတယ်။ ဘရက်စီယာကလည်း မ တည်ငြိမ်မှုတွေများတယ်။ သရေကျသွားနိုင်ပါတယ်။ 

ကာဂလီယာရီ - တိုရီနို (စနေည ၁၂းဝ၀ နာရီ)

ကာဂလီယာရီက ဘောလုံးပွဲတွေ ပြန်လည်စတင်ပြီးချိန် မှာ (၂)ပွဲကစားထားပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံးထားတယ်။ ယူရိုပါ လိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှိနေသလို၊ ကစားသမားကောင်းတွေ လည်း ရှိနေလို့ တိုရီနိုဆီကလည်း အမှတ်ရအောင်ကစားပါလိမ့် မယ်။ အပြန်အလှန်ဂိုးတွေမြင်ရနိုင်ပြီး ကာဂလီယာရီ နိုင်မယ်။

လာဇီယို - ဖီအိုရင်တီးနား (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

ဖီအိုရင်တီးနားက အရင်ရာသီတွေတုန်းကလိုမဟုတ်ဘဲ တန်းဆင်းဇုန်နဲ့ဝေးအောင် အားထုတ်ရတဲ့ဘဝမျိုးရောက်နေ တယ်။ လာဇီယိုက ချန်ပီယံမျှော်လင့်ချက်အတွက် အမှားလုပ် လို့မရသလို၊ အိမ်ကွင်းမှာ ဂိုးသွင်းနှုန်းလည်း ကောင်းမွန်လို့ ဖီ အိုရင်တီးနားဘက်ကို ဂိုးသွင်းဖို့မခက်ဘူး။ ဘရက်စီယာလိုအ သင်းကို အိမ်ကွင်းမှာ သရေသာကစားနိုင်ခဲ့တဲ့ ဖီအိုရင်တီးနားရဲ့ ခြေစွမ်းအရဆိုရင် လာဇီယိုပဲ အနိုင်ရဦးမယ်။ (၂)ဂိုးပြတ်မယ်။

Most Read

Most Recent