နောဝစ်ချ် - မန်ယူ (စနေည ၁၁းဝ၀ နာရီ)
မန်ယူရဲ့အနေအထားက နောဝစ်ချ်ကို စိုးရိမ်ပူပန်နေစရာ မလိုဘူးလို့ ထင်ပါတယ်။ နောဝစ်ချ်က ခံစစ်ညံ့တယ်။ တိုက်စစ် အားနည်းတယ်။ ကွင်းလယ်တော့မဆိုးဘူး။ ဒါပေမဲ့ မန်ယူကွင်း လယ်က သူတို့ထက် အများကီးအားကောင်းတယ်။ ဆိုးလ်ရှားအတွက်ကလည်း FA ဖလားကမျှော်လင့်ချက်တစ်ခုလိုဖြစ်နေလို့ မန်ယူအသင်းအားစိုက်ယှဉ်ပြိုင်ဦးမှာပါ။ လက်ရှိမန်ယူအသင်းရဲ့ စုဖွဲ့မှုနဲ့ ကစားအားကလည်း မျှော်လင့်ချင်စရာလိုဖြစ်နေတယ်။ မန်ယူက ဆီမီးဖိုင်နယ်တက်ပြီးသားလို ဖြစ်နေပြီ။









