ပရီးမီးယားလိ်ဂ်ပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိ်ဂ်ပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 27 June 2020

အက်စတွန်ဗီလာ - ဝုလ်ဗ် (စနေညနေ ၆းဝ၀ နာရီ)



အက်စတွန်ဗီလာရဲ့ ပြဿနာများစွာထဲမှာ တိုက်စစ် ပုံစံက တည်ငြိမ်မှုမရှိတာလည်း ပါတယ်။ ဘယ်သူက ပုံမှန် ဂိုးသွင်းပေးမှာလဲ၊ ပွဲအဖြေပြောင်းနိုင်သူတွေက ဘယ်သူလဲ ဆိုတဲ့ မေးခွန်းတွေက ဖြေရခက်တယ်။ ဂရီးလစ်ရှ်က အား ကိုးလို့ရပေမယ့် နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူးလို့ပဲ ပြောရမယ်။ ဒါ့အပြင် ကွင်းလယ်မှာ သူနဲ့အတူ တွဲဖက်ကစားမယ့် ကစား သမားကောင်းကောင်းလည်းမရှိဘူး။ ဝုလ်ဗ်က ကစားကွက်ခိုင် မာတယ်။ တည်ငြိမ်တယ်။ တစ်ဦးချင်းအရည်အသွေးမြင့်သူ တွေကို ပိုင်ဆိုင်ထားပြီး အရန်ခုံကနေ ပွဲအဖြေကို ပြောင်းမယ့် သူတွေလည်း ရှိနေတယ်။ အထူးသဖြင့် ဟီမင်နက်ဇ်၊ ယိုတာနဲ့ အဒါမာထရာအိုရေးတို့က အသင်းတိုင်းကို ဒုက္ခပေးနိုင်တဲ့ ကစားသမားတွေဖြစ်ပြီး တိုင်ရုန်းမင်းစ်ဦးဆောင်တဲ့ အက်စ တွန်ဗီလာခံစစ်ကို ကျော်ဖြတ်ဖို့ဆိုတာလည်း သိပ်မခက်ပါ ဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်အထိ မျှော်လင့်လို့ ရလာတဲ့အသင်း နဲ့ တန်းမဆင်းရဖို့ ရုန်းကန်မယ့်အသင်းတွေမှာ တူညီတဲ့ တွန်း အားတွေရှိပေမယ့် ဝုလ်ဗ်ပဲ အနိုင်ရမယ်လို့ထင်တယ်။ 

Most Read

Most Recent