ဆီဗီလာ နှင့် ဗယ်လာဒိုလစ် (၂၇-၆-၂၀၂၀ နံနက် ၂:၃၀ နာရီ)
ဆီဗီလာကတော့ သရေပွဲတွေများနေပေမယ့် ထိပ်ဆုံး (၄)သင်းထဲမြဲအောင် ထိန်းထားနိုင်တယ်။ ပြိုင်ဘက်အခြေအနေနဲ့ အနေအထားကိုလိုက်ပြီး ပွဲကိုအတင်အချလုပ်ကာ ဆီဗီလာတို့ အမှတ်ရအောင်ကစားနေနိုင်တာ တွေ့ရတယ်။ ဗယ်လာဒိုလစ်ကလည်း ခြေစွမ်းမဆိုးလှပေမယ့် အဝေးကွင်းမှာတော့ ပုံမှန်စွမ်းဆောင်ရည်မျိုးမရှိဘူး။ အဝေးကွင်းမှာ အတတ်နိုင်ဆုံး ထိန်းကစားနိုင်ပေမယ့် ကိုယ့်အသင်းထက် အင်အားသာတဲ့ အသင်းမျိုးတွေဆိုရင်တော့ သိပ်မယှဉ်နိုင်သေးဘူး။ အိမ်ရှင် ဆီဗီလာနဲ့ ဂိုးအနည်းကိုပဲ ပိုကြိုက်တယ်။









