စာချုပ်သစ်မချုပ်ဆိုပါက မီလစ်ခ်ကို နာပိုလီအသင်း ရောင်းချမည်

စာချုပ်သစ်မချုပ်ဆိုပါက မီလစ်ခ်ကို နာပိုလီအသင်း ရောင်းချမည်
Photo: JuveFC
Photo: JuveFC
Published 25 June 2020

နာပိုလီအသင်းသည် ပိုလန်တိုက်စစ်မှူး မီလစ်ခ်ကို စာချုပ်သစ်မချုပ်ဆိုနိုင်ပါက ရောင်းချသွားမည်ဟု ဒါရိုက်တာတစ်ဦးဖြစ်သူ ခရစ္စတီယာနိုဂျီယွန်တိုလီက အတည်ပြုပြောကြားခဲ့သည်။ 

အသက်(၂၆)နှစ်အရွယ်ရှိ မီလစ်ခ်သည် ယခုရာသီတွင် နာပိုလီအသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပြီး (၁၃)ဂိုး သွင်းယူပေးထားသည်။ 

မီလစ်ခ်သည် ၂၀၂၁ တွင် စာချုပ်ကုန်ဆုံးတော့မည်ဖြစ်ပြီး နာပိုလီအသင်းအနေဖြင့် ၎င်းအား စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းနေသည်။ 

သို့ရာတွင် လက်ရှိအချိန်အထိ ညှိနှိုင်းမှုများ မအောင်မြင်သေးရာ အချိန်မီညှိနှိုင်းမရပါက ရောင်းချသွားမည်ဟု ဂျီယွန်တိုလီက ပြောကြားခဲ့ခြင်းဖြစ်သည်။ 

၎င်းက ''ကျွန်တော်တို့ သူ့ရဲ့အဖွဲ့နဲ့ ဆွေးနွေးနေတာ အချိန်အတော်ကြာပါပြီ။ ကျွန်တော်တို့က သက်တမ်းတိုးလိုပြီး သဘောတူညီမှု မရသေးပါဘူး။ မရရင်တော့ ရောင်းချမှာပါ''ဟု DAZN ရုပ်သံသို့ ပြောကြားခဲ့သည်။ 

နာပိုလီအသင်းသည် မီလစ်ခ်အတွက် ယူရိုသန်း(၅၀)ခန့် တောင်းဆိုဖွယ်ရှိသည်ဟု အီတလီမီဒီယာများက ဖော်ပြနေသည်။

မီလစ်ခ်ကို ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်းနှင့် စပါးအသင်းတို့က စိတ်ဝင်စားနေကြကြောင်း သိရှိိရသည်။

Most Read

Most Recent