မန်စီးတီးဂိုးသမား ဘရာဗိုအား ခေါ်ယူရန် အာဆင်နယ် ပစ်မှတ်ထား

မန်စီးတီးဂိုးသမား ဘရာဗိုအား ခေါ်ယူရန် အာဆင်နယ် ပစ်မှတ်ထား
Photo: Getty Images
Photo: Getty Images
Published 25 June 2020

အာဆင်နယ်အသင်းသည် မန်စီးတီးအသင်းမှ ချီလီဂိုးသမား ဘရာဗိုအား ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။ 

အာဆင်နယ်အသင်း၏ ဂျာမန်ဂိုးသမား လေနိုသည် ဘရိုက်တန်နှင့်ပွဲတွင် ရရှိခဲ့သော ဒူးဒဏ်ရာကြောင့် တစ်နှစ်ခန့် အနားယူရဖွယ်ရှိနေရာ အာဆင်နယ်အသင်းသည် ၎င်း၏နေရာတွင် အစားထိုးရန် ဘရာဗိုကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာသည် အတွေ့အကြုံရှိ ၀ါရင့်ဂိုးသမားတစ်ဦးဦးကိုသာ ခေါ်ယူလိုနေပြီး ဘန်လေအသင်းမှ အင်္ဂလန်ဝါရင့်ဂိုးသမား ဂျိုးဟတ်ကိုလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

အသက်(၃၇)နှစ်ရှိပြီဖြစ်သည့် ဘရာဗိုသည် လာမည့်လတွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းမှ အလွတ်ထွက်ခွာခွင့်ရရှိမည်ဖြစ်သည်။

ဘရာဗိုကလည်း ''ကျွန်တော့်ကို ခေါ်ယူချင်တဲ့အသင်းတွေ အများကြီးရှိနေတဲ့အကြောင်း သတင်းတွေ ဖတ်ရပါတယ်။ အသင်းကောင်းတွေ ဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အသင့်တော်ဆုံးဖြစ်မယ့်အသင်းကို ရှာဖွေနေပါတယ်။ မကြာခင် ကျွန်တော့်အနာဂတ်အတွက် ဆုံးဖြတ်သွားမှာပါ'' ဟုပြောကြားခဲ့သည်။

Most Read

Most Recent