ဘရိုက်တန်(၂-၁)အာဆင်နယ်ပွဲတွင် ဂန်ဒူဇီသည် ဘရိုက်တန်အသင်း၏ ကစားသမားများအား လစာငွေနှင့် ပတ်သက်၍ လှောင်ပြောင်ခဲ့ကြောင်းသတင်းများ ထွက်ပေါ် ခဲ့သည်။
အာဆင်နယ်အသင်းနည်းပြ အာတီတာသည် အသင်း၏ပြင်သစ် ကွင်းလယ်လူ ဂန်ဒူဇီအား ရောင်းချရန် စဉ်းစားနေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ဘရိုက်တန်(၂-၁)အာဆင်နယ်ပွဲတွင် ဂန်ဒူဇီသည် ဘရိုက်တန်အသင်း၏ ကစားသမားများအား လစာငွေနှင့် ပတ်သက်၍ လှောင်ပြောင်ခဲ့ကြောင်းသတင်းများ ထွက်ပေါ် ခဲ့သည်။

ထို့အပြင် ဂန်ဒူဇီသည် ယင်းပွဲအပြီးတွင်လည်း ဘရိုက်တန်တိုက်စစ်မှူး မူပေးအား လည်ပင်းညှစ်ခဲ့ပြီး ယင်းလုပ်ရပ်ကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိနေသည်။
ဂန်ဒူဇီသည် မကြာသေးမီကလည်း အသင်း၏လေ့ကျင့်ရေးကွင်းတွင် အူဘာမီယန်း၊ လာကာဇက်တို့ နှင့်အတူ အပြောင်အပျက်ပြုလုပ်ကာ ဆပ်ကပ်လူပြက်ကဲ့သို့ ကယနေပြီး ယင်းဗီဒီယိုဖိုင်မှာ ပြင်ပသို့ ထွက်ပေါ် လာခဲ့သည်။

အာဆင်နယ်အသင်းတွင် ကစားသမားများ၏ နေထိုင်မှုပုံစံနှင့် စိတ်နေစိတ်ထားတို့ကို အဓိကပြောင်းလဲရန် ကြိုးစားနေသော အာတီတာသည် ဂန်ဒူဇီ၏အပြုအမူများကို စိတ် ပျက်လာပြီး ၎င်းကိုရောင်းချရန် စီစဉ် နေခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဆောင်းရာသီကာလအတွင်း ဒူဘိုင်းမြို့သို့ လေ့ကျင့်ရေးခရီးသွားရောက်စဉ်ကတည်းက ဂန်ဒူဇီ၏အ နေအထိုင်၊ အပြောအဆိုများကို အာတီတာက နှစ်သက်ခြင်းမရှိကြောင်း Daily Mail က ဖော်ပြခဲ့သည်။









