မူပေးကို ရန်ပြုခဲ့သည့် ဂန်ဒူဇီ အရေးယူခံရမည်မဟုတ်

မူပေးကို ရန်ပြုခဲ့သည့် ဂန်ဒူဇီ အရေးယူခံရမည်မဟုတ်
Photo: Getty Images
Photo: Getty Images
Published 22 June 2020

ပြီးခဲ့သည့် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ဘရိုက်တန် ၂-၁ အာဆင်နယ်ပွဲတွင် ဘရိုက်တန်တိုက်စစ်မှူး မူပေးအား ရန်ပြုခဲ့သည့် အာဆင်နယ်ကွင်းလယ်လူ ဂန်ဒူဇီမှာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က အရေးယူခြင်းမပြုရန် ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။

မူပေးသည် ယင်းပွဲ၌ အာဆင်နယ်ဂိုးသမား လေနို ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သူဖြစ်သလို၊ နောက်ဆုံးအနိုင်ဂိုးကိုလည်း သွင်းယူသွားခဲ့သူဖြစ်သောကြောင့် ဂန်ဒူဇီက ၎င်းကို ရန်ပြုခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်းလည်း သိရှိရသည်။

သို့သော် FA က ယင်းဖြစ်ရပ်ကို ပွဲကြီးကြပ်သည့် ဒိုင်လူကြီးများက မြင်တွေ့ခဲ့ခြင်းမရှိသလို၊ VAR ပြန်ကြည့်ပြီး အရေးယူရန်လည်း ဆုံးဖြတ်ခဲ့ခြင်းမရှိသည့်အတွက် မိမိတို့အနေဖြင့် မည်သည့်အရေးယူမှုမျှ ပြုလုပ်သွားမည်မဟုတ်ဟု ကြေညာခဲ့သည်။

သို့ရာတွင် နှစ်သင်းစလုံးမှ တာဝန်ရှိသူများအား ကစားသမားများ၏ အပြုအမူနှင့်ပတ်သက်၍ ထိန်းသိမ်းမှုပြုလုပ်သွားရန် သတိပေးညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent