ဂျော့ချ်ဖလွိုက်အတွက် ဆန္ဒပြမှုများ၌ ပါဝင်ရန် ဘိုင်ယန်မြူးနစ်အသင်းကို ကင်မစ်ချ် တိုက်တွန်း     

ဂျော့ချ်ဖလွိုက်အတွက် ဆန္ဒပြမှုများ၌ ပါဝင်ရန် ဘိုင်ယန်မြူးနစ်အသင်းကို ကင်မစ်ချ် တိုက်တွန်း     
Photos: Getty Images & Goal.com
Photos: Getty Images & Goal.com
Published 5 June 2020

အမေရိကန်နိုင်ငံ၌ လူဖြူ ရဲအရာရှိတစ်ဦး၏ လွန်ကျူးစွာပြုမူမှုကြောင့် သေဆုံးခဲ့ရသည့် လူမည်းတစ်ဦးဖြစ်သူ ဂျော့ချ်ဖလွိုက်အတွက် ကမ္ဘာနှင့်ချီကာ ဆန္ဓထုတ်ဖော်မှုများ ပြုလုပ်နေကြပြီး အဆိုပါဆန္ဒပြမှုများတွင် ဘိုင်ယန်မြူးနစ်အသင်းလည်း ပါဝင်သင့်သည်ဟု အသင်းကွင်းလယ်လူ ကင်မစ်ချ်က ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ် (၂၉)တွင် ဒေါ့မွန်ကစားသမားများဖြစ်သည့် ဆန်ချိုနှင့် ဟာကီမီ၊ ရှော်လ်ကေးကွင်းလယ်လူ မက်ကန်နီးနှင့် မိုချန်ဂလာဘတ်တိုက်စစ်မှူး မားကပ်စ်သူရမ်တို့မှာလည်း ဂျော့ချ်ဖလွိုက်အတွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ 

ကင်မစ်ချ်က "ဘောလုံးသမားတစ်ဦးက ကြီးမားတဲ့ပါဝါရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ တာဝန်တစ်ခုယူသင့်ပြီး ဆန်ချိုလို ပြုမူသင့်ပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ ဒီအရာကို လုပ်ဖို့ ဆွေးနွေးမှုတွေ လုပ်နေပါပြီ"ဟု ဆိုခဲ့သည်။ 

ဂျော့ချ်ဖလွိုက် သေဆုံးမှုနှင့် လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး၊ အကြမ်းဖက်များကို ဆန့်ကျင်ရေးများတွင် အားကစားလောကမှ နာမည်ကျော်များ ပါဝင်ဆန္ဒပြနေကြပြီး ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် လီဗာပူးလ်၊ မန်ယူနှင့် ချယ်လ်ဆီးတို့မှာလည်း ဂျော့ချ်ဖလွိုက်အတွက် ပုံစံမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။ 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကလည်း ဂျော့ချ်ဖလွိုက်အတွက် ဘောလုံးသမားများ၏ ဆန္ဒထုတ်ဖော်မှုများကို ထောက်ခံကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent