ကစားသမားဘဝကို မေဂျာလိဂ်တွင် အဆုံးသတ်လိုသည်ဟု ဂရီးဇ်မန်း ဝန်ခံ

ကစားသမားဘဝကို မေဂျာလိဂ်တွင် အဆုံးသတ်လိုသည်ဟု ဂရီးဇ်မန်း ဝန်ခံ
Photos: Getty Images
Photos: Getty Images
Published 5 June 2020

ဘာစီလိုနာတိုက်စစ်ကစားသမား ဂရီးဇ်မန်းက မိမိအနေဖြင့် ကစားသမားဘဝကို မေဂျာလိဂ်တွင် အဆုံးသတ်လိုသည်ဟု ဝန်ခံခဲ့သည်။ 

ဘာစီလိုနာတိုက်စစ်ကစားသမား ဂရီးဇ်မန်းက မိမိအနေဖြင့် ကစားသမားဘဝကို မေဂျာလိဂ်တွင် အဆုံးသတ်လိုသည်ဟု ဝန်ခံခဲ့သည်။ 

အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲမှာ နာမည်ကျော်ကစားသမားများ ကစားသမားဘဝ အဆုံးသတ်ခါနီးတွင် ကစားကြသည့် လိဂ်တစ်ခုဖြစ်ပြီး အင်္ဂလန်နာမည်ကျော်ဘောလုံးသမားဟောင်းများဖြစ်သည့် ဘက်ခမ်၊ ဂျရတ်၊ အီတလီကွင်းလယ်လူဟောင်း ပီယာလိုတို့အပြင် နာမည်ကျော်ကစားသမားများစွာ ကစားခဲ့ကြသည်။ 

အသက် (၂၉)နှစ်ရှိပြီဖြစ်သည့် ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းသည် ဘာစီလိုနာအသင်းနှင့် ၂၀၂၂ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ကစားသမားဘဝကို အမေရိကန်တွင် အဆုံးသတ်လိုသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဂရီးဇ်မန်းက "ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့က ကျွန်တော့်ရဲ့ ရည်မှန်းချက်ပါ။ အဲဒီရည်မှန်းချက်တွေ ပြည့်သွားပြီဆိုရင် ပြင်သစ်အသင်းနဲ့အတူ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ ဗိုလ်ထပ်စွဲချင်ပါတယ်။ ပြီးရင်တော့ မေဂျာလိဂ်ကို ပြောင်းရွှေ့ကစားချင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဂရီးဇ်မန်းအား ခေါ်ယူရန် အင်္ဂလန်နာမည်ကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ် ပူးတွဲပိုင်ဆိုင်သည့် အင်တာမိုင်ယာမီအသင်းက စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဂရီးဇ်မန်းကမူ ၎င်းအနေဖြင့် မည့်သည်အသင်းတွင် ကစားမည်ကို မရွေးချယ်ရသေးကြောင်း ပြောကြားခဲ့သည်။ 

"ကျွန်တော် မေဂျာလိဂ်မှာ ကစားချင်ပါတယ်။ ဒါပေမဲ့ ဘယ်အသင်းမှာ ကစားမယ်ဆိုတာကိုတော့ မသိသေးပါဘူး။ ကျွန်တော့်ရဲ့ ရည်မှန်းချက်မှာ မေဂျာလိဂ်မှာ ကစားသမားဘဝကို အဆုံးသတ်ဖို့ ဖြစ်ပြီး ဆုဖလားစိန်ခေါ်နိုင်တဲ့ အသင်းမျိုးကို ပြောင်းရွှေ့ဖြစ်မယ်လို့ ထင်ပါတယ်။ အသက် (၃၂) ဒါမှမဟုတ် (၃၃) လောက်မှာ မေဂျာလိဂ်ကို ပြောင်းဖြစ်ပါလိမ့်မယ်"ဟု ဂရီးဇ်မန်းက ပြောကြားခဲ့သည်။ 

Most Read

Most Recent