Lockdown ကာလအတွင်း Instagram မှ ဝင်ငွေအများဆုံး ရရှိသည့်အားကစားသမားအဖြစ် စီရော်နယ်လ်ဒို ရပ်တည်

Lockdown ကာလအတွင်း Instagram မှ ဝင်ငွေအများဆုံး ရရှိသည့်အားကစားသမားအဖြစ် စီရော်နယ်လ်ဒို ရပ်တည်
Photos : Instagram
Photos : Instagram
Published 4 June 2020

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် Lockdown ချထားသည့် ကာလအတွင်း Instagram မှ ဝင်ငွေအများဆုံးရရှိသည့် အားကစားသမားအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။

ဗြိတိန်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Weareattin က မတ်လ(၁၂)ရက်မှ မေ လ(၁၄)ရက်အထိ Lockdown ကာလအတွင်း Instagram မှ ဝင်ငွေအများဆုံးရရှိ သည့် အားကစားသမားများကို လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းတို့၏ လေ့လာမှုအရ Follower တစ်သန်းရှိရုံဖြင့် နာမည်ကျော်များမှာ စပွန်ဆာပို့စ်တစ်ခုအတွက် ပေါင် (၃၁၃၀) ရရှိနိုင်ကြောင်း သိရသည်။

Weareattin ဝက်ဘ်ဆိုက်မှ ထုတ်ပြန်ခဲ့သည့် Lockdown ကာလအတွင်း Instagram မှ ဝင်ငွေအကောင်းဆုံး ကစားသမားစာရင်းတွင် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက ပေါင် (၁၈၈၂၃၃၆) ဖြင့် ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည်။

စီရော်နယ်လ်ဒိုသည် Lockdown ကာလ (၂)လကျော်အတွင်း Instagram တွင် စပွန်ဆာပို့စ် (၄)ခုတင်ခဲ့ပြီး ပို့စ်တစ်ခုလျှင် ပေါင် (၄၇၀၅၈၄)အ ထိ ရရှိကြောင်း သိရသည်။

ဒုတိယနေရာတွင် စီရော်နယ်လ်ဒို၏ မဟာပြိုင်ဘက်ဖြစ်သူ ဘာစီလိုနာနှင့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပေါင် (၁၂၉၉၃၇၃)ဖြင့် ရပ်တည်နေသည်။

မက်ဆီသည် အဆိုပါကာလအတွင်း စပွန်ဆာပို့စ် (၄)ခုတင်ခဲ့ပြီး ပို့စ်တစ်ခုလျှင် ပေါင် (၃၂၄၈၄၃) ရရှိခဲ့သည်။

တတိယနေရာတွင် PSG နှင့် ဘရာဇီးလ်တိုက်စစ်မှူး နေမာက ပေါင် (၁၁၉၂၂၁၁) ဖြင့် ရပ်တည်နေသည်။

၂၀၁၃ ခု နှစ်တွင် ကစားသမားဘဝမှအနားယူခဲ့သည့် အင်္ဂလန်ကွင်းလယ်လူဟောင်း ဘက်ခမ်မှာ အဆင့် (၅)နေရာ တွင် ရပ်တည်နိုင်ခဲ့သည်။

Lockdown ကာလအတွင်း Instagram မှ ဝင်ငွေအကောင်းဆုံးကစားသမား (၁၀)ဦးစာရင်းတွင် ဘောလုံးသမား (၆)ဦးဖြင့် အများဆုံးပါဝင်ခဲ့သည်။

လက်ကျန် (၄)နေရာတွင် ဘက်စကတ်ဘောမှ (၂)ဦး၊ ခရစ်ကတ်နှင့် လက်ဝှေ့မှ (၁)ဦးစီ ပါဝင်ခဲ့ကြောင်း သိရသည်။

■ Lockdown ကာလအတွင်း Instagram မှ ဝင်ငွေအများဆုံးရရှိသည့် ကစားသမား(၁၀)ဦး

             အမည်        Follower            စပွန်ဆာပို့စ်     ဝင်ငွေ (ပေါင်)

စီရော်နယ်လ်ဒို(ဘောလုံး)    ၂၁၉ သန်း        ၄        ၁၈၈၂၃၃၆

မက်ဆီ (ဘောလုံး)        ၁၅၁ သန်း        ၄        ၁၂၉၉၃၇၃

နေမာ (ဘောလုံး)        ၁၃၈ သန်း        ၄        ၁၁၉၂၂၁၁

ရှာကီအိုနီးလ် (NBA)        ၁၇ သန်း            ၁၆        ၅၈၃၆၂၈

ဘက်ခမ် (ဘောလုံး)        ၆၂.၉ သန်း        ၃        ၄၀၅၃၅၉

ဗီရတ်ကိုလီ (ခရစ်ကက်)    ၅၉ သန်း            ၃        ၃၇၉၂၉၄

အီဘရာဟီမိုဗစ် (ဘောလုံး)    ၄၂.၉ သန်း        ၂        ၁၈၄၄၁၃

ဝေဒီ (NBA)        ၁၆.၆ သန်း        ၄        ၁၄၃၁၄၆

အဲလ်ဗက်စ် (ဘောလုံး)    ၃၁.၁ သန်း        ၂        ၁၃၃၆၉၃

ဂျိုရှူအာ(လက်ဝှေ့)        ၁၁.၃ သန်း        ၅        ၁၂၁၅၀၀

 

Most Read

Most Recent