AA အဖွဲ့က ဖမ်းဆီးထားသော ၎င်းတို့၏ အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် NCA ထိုးထားသော ALP တောင်းဆို

AA အဖွဲ့က ဖမ်းဆီးထားသော ၎င်းတို့၏ အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် NCA ထိုးထားသော ALP တောင်းဆို
AA အဖွဲ့က ဖမ်းဆီးထားသော ၎င်းတို့၏ အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် NCA ထိုးထားသော ALP တောင်းဆို
AA အဖွဲ့က ဖမ်းဆီးထားသော ၎င်းတို့၏ အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် NCA ထိုးထားသော ALP တောင်းဆို
Published 3 June 2020

AA အဖွဲ့က ဖမ်းဆီးထားသော ၎င်းတို့၏ အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ/ ရခိုင်ပြည် လွတ်မြောက်ရေးအဖွဲ့ (ALP/ALA) မှ ဗိုလ်မှူးကြီး ခိုင်စိုးမြက တောင်းဆိုသည်။

ALP/ALA အဖွဲ့ဝင်များဖြစ်သော ခိုင်မောင်ခင်ဝင်းနှင့် ခိုင်မောင်လုံးတို့ နှစ်ဦးကို ပေါက်တောမြို့နယ်၊ ရဗက်ချိုင် ရွာရှိ ၎င်းတို့၏ နေအိမ်တွင် မေ ၂၃ ရက် ည ၁၁ နာရီအချိန်ခန့်၌ AA အဖွဲ့မှ အင်အား ၁၅ ဦးခန့်က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဇွန် ၁ ရက်တွင် ALP/ALA က ကြေညာချက် ထုတ်ပြန်သည်။

ထိုသို့ ဖမ်းဆီးခံရသည့်အချိန်မှစ၍ ALP/ALA အနေဖြင့် AA အဖွဲ့၏ သက်ဆိုင်ရာ ကြားခံတာဝန်ရှိသူများမှ တစ်ဆင့် AA အဖွဲ့ အကြီးအကဲများထံသို့ အကြိမ်ကြိမ်ဆက်သွယ်ညှိနှိုင်းခဲ့သော်လည်း တိကျသေချာသော အခြေ မရရှိခဲ့ကြောင်း ALP/ALA ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“သူတို့က ပြောတာကတော့ လိုအပ်ချက်အရ ဖမ်းတာလို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်တို့လည်း မေးလိုက်ပါတယ်။ ကျွန် တော်တို့ အဖွဲ့ဝင်တွေက ဘာတွေဘာတွေ လိုအပ်နေလို့လဲ။ ကျွန်တော်တို့မှာ အဖွဲ့အစည်းရှိတယ်။ အဖွဲ့အစည်းကို အသိပေးပြီး မှ ဖမ်းဖို့သင့်တယ်လို့ ကျွန်တော်တို့က ပြောပါတယ်။ အခုက အသိမပေးဘဲ ဖမ်းတာကတော့ ခင်ဗျားတို့ သိပ်အဆင်မပြေဘူးလို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း သူတို့က ဖမ်းသွားတော့ ကျွန်တော်တို့က ကြားခံလူတွေနဲ့ ဆက်သွယ်ပြီးတော့ သူတို့ လွတ် မြောက်ရေးအတွက် ကြိုးပမ်းပါတယ်။ ကြိုးစားပေမဲ့လည်း အောင်မြင်မှု မရှိဘူး။ အရှုံးအနိမ့်ပဲရှိတယ်။ အလုပ်မဖြစ်ဘူး”ဟု ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောကြားသည်။

AA အဖွဲ့အနေဖြင့် ကနဦးဖမ်းဆီးထားသော ALP/ALA အဖွဲ့ဝင်နှစ်ဦးအား မလွတ်ပေးသည့်အပြင် မေ ၃၁ ရက် တွင် တောင် ကုတ်မြို့နယ်တွင် နေထိုင်သော ALP အဖွဲ့ဝင် ခိုင်ဝင်းလှိုင်အား ထပ်မံဖမ်းဆီးသွားခဲ့ပြီး ထိုသို့ ဖမ်းဆီးရာတွင် AA အဖွဲ့အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အယောင်ဆောင်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောကြားသည်။

“ကျွန်တော်တို့ ရဲဘော်တွေကို ဘာပဲဖြစ်ဖြစ် သူတို့ (AA) တွေက အမျိုးသားရေးကို ရှေးရှုပြီး တောင်းဆိုလာရင် အမျိုးသားရေးကို ရှေးရှုပြီး ကျွန်တော်တို့ ရဲဘော်တွေကို ပြန်လည်လွှဲပြောင်းပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါ တယ်” ဟု ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောကြားသည်။

တောင်ကုတ်မြို့နယ်တွင်နေထိုင်သည့် ALP အဖွဲ့ဝင် ခိုင်ဝင်းလှိုင်သည် AA အဖွဲ့၏ ဖမ်းဆီးခြင်းမခံရမီ သုံးရက်ခန့်အလိုတွင် AA အဖွဲ့က ၎င်းအား ခြိမ်းခြောက်ခဲ့သည်ဟု ALP/ALA တာဝန် ရှိသူများထံ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောကြားသည်။ 

“တစ်ချိန်တုန်းက သူ့ကို (အခင်း) မဖြစ်ခင် သုံးရက်လောက်က AA က သူ့ကို ခြိမ်းခြောက်တယ်လို့ ကျွန်တော်တို့ကို သူ ဖုန်းဆက် အကြောင်းကြားတယ်။ အဲဒီလို သုံးရက်လောက် အကြာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အယောင်ဆောင်ပြီး လာခေါ်ကြတာ။ လာတဲ့ သူက ခြောက်ယောက်။ ဆိုင်ကယ်ခြောက်စီးနဲ့။ သေနတ်အရှည် တွေ ပါတယ်။ အတိုမဟုတ်ဘူး”ဟု ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြော ကြားသည်။

ထို့နောက် ဇွန် ၁ ရက်တွင် တောင်ကုတ်မြို့နယ်ဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်းက ခိုင်ဝင်းလှိုင်ကို ခေါင်းရောင်း ခေါင်း ဝယ်စနစ်ဖြင့် သုတ်သင်လိုက်ကြောင်း ကြေညာချက် ထွက်ပေါ်လာခဲ့ပြီး အဆိုပါ အချက် သည်လည်း အံ့သြဖွယ်ရာကောင်း ကြောင်း၊ ခိုင်ဝင်းလှိုင်အား ဖမ်းဆီးသွားစဉ်က AA အဖွဲ့ဖြစ်ပြီး သုတ်သင် ကြောင်း ကြေညာသောအဖွဲ့သည် အခြားအဖွဲ့အစည်း ဖြစ်နေကာ ယင်းနှစ်ဖွဲ့၏ ဆက်စပ်ပုံအား လေ့လာနေ ကြောင်းလည်း ၎င်းက ပြောကြားသည်။ 

အထက်ပါ ဖြစ်ရပ်များသည် ရခိုင်အမျိုးသားအချင်းချင်းအကြား လုံးဝမဖြစ်ပေါ်အပ်သည့် ဖြစ်ရပ်များပင်ဖြစ်ပြီး အဆိုပါ ဖြစ်ရပ်များ နှင့်ပတ်သက်၍ ALP/ALA က များစွာ စိတ်မကောင်းဖြစ်ရသည့်အပြင် ယင်းအကြမ်းဖက် လုပ်ရပ်များကိုလည်း ပြင်းထန်စွာရှုတ်ချကြောင်း ALP/ALA က ကြေညာချက် ထုတ်ပြန်သည်။

ထို့ပြင် ALP/ALA အနေဖြင့် NCA စာချုပ် လက်မှတ်ရေးထိုးပြီးနောက် လက်ရှိအချိန်တွင် ALP/ALA အဖွဲ့ဝင်များ မှာ လုံခြုံရေး ချိုးဖောက်ခံနေရပြီး ယခုအခါ ALP/ALA အဖွဲ့ဝင်များ၏ အသက်၊ အိုးအိမ်မှာ စိုးရိမ်ဖွယ်ရာ ဖြစ်လာကြောင်း ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောကြားသည်။

ထို့ကြောင့် ALP/ALA အဖွဲ့ဝင်များ၏ လုံခြုံရေးနှင့်ပတ်သက်၍ လက်ရှိအစိုးရက မကာကွယ်နိုင်ပါက ၎င်းတို့၏ လုံခြုံရေးကို ၎င်းတို့ဘာသာ ဆောင်ရွက်၍ ကာကွယ်သွားမည်ကြောင်း ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောကြားသည်။

Most Read

Most Recent