မန္တလေးမြို့ရှိ COVID -19 Positive လူနာအမှတ် (၄) ၏ အခြေအနေမှာ ကောင်းမွန်ပြီး ဒုတိယအကြိမ် စစ်ဆေးရာတွင် Negative အဖြေထွက်ရှိပြီး ဖြစ်သော်လည်း Facility quarantine ဆက်လက်ထားရှိသွားမည် ဖြစ်ကြောင်း မန္တလေးဆေးရုံကြီးမှ သတင်းရရှိသည်။
"ဟုတ်ပါတယ်။ လူနာအမှတ်(၄)က ဒုတိယအကြိမ် Negative ထွက်သွားပါပြီ။ ဆေးရုံကဆင်းပြီး Facility quarantine ဆက်ထားဖို့ အိမ်ထက် ကန်တော်နဒီ ဆေးရုံမှာပဲ quarantine ဆက်ထားဖို့များတယ်။ negative ထွက်သွားပေမယ့် ဆက်လုပ်စရာရှိတာတွေ လုပ်ရအုံးမှာပါ။ မပေါ့ကြဘဲ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပြီး နေကြတာ အကောင်းဆုံးပါ"ဟု မန္တလေးဆေးရုံကြီး၊ ဆေးရုံအုပ် ဒေါက်တာစုစုဒွေးက ပြောကြားခဲ့သည်။
ဆေးရုံစတက်စဉ်ထဲက လူနာမှာ အခြေနေကောင်းမွန်ခဲ့ပြီး COVID-19နဲ့ပတ်သက်ပြီး ဆေးစစ်ချက်အဖြေမှာ positive နှစ်ကြိမ်၊ Negative နှစ်ကြိမ် ထွက်ရှိသွားခဲ့ပြီဖြစ်သည်
ထို့ ကြောင့် DC Criteria (ဆေးရုံဆင်းရန် စံသတ်မှတ်ချက်)အရ Negative နှစ်ကြိမ်၊ သတ်မှတ်ထားသည့် အဖျားကျခြင်း အရေတွက် ၊ တိုးတက်လာသည့်အဆုတ် လက္ခဏာများ စသည့် Criteriaများဖြင့်ပြည့်စုံပါက ဆေးရုံဆင်းခွင့်ရမည်ဖြစ်သော်လည်း လက်တလော ကန်တော်နဒီဆေးရုံတွင် ၎င်းတစ်ဦးထဲရှိသဖြင့်Facility quarantineကာလကို ကန်တော်နဒီတွင်သာ ဆက်လက်ထားရှိသွားမည်ဟု စုံစမ်းသိရသည်။
အဆိုပါ COVID-19 Positvieလူနာ၏ ဇနီးမှာလည်း COVID_19နှင့်ပတ်ပက်သည့် လက္ခဏာပြသခြင်းမရှိဘဲပိုးစစ်ချက်အဖြေမှာ Negativeဖြစ်ပြီး နဒီမြန်မာ ဟိုတယ်တွင် စောင့်ကြည့်မှုခံယူနေသည့် မိသားစုဝင်များမှာလည်း အခြေနေကောင်းမွန်သည်ဟု သိရသည်။
မတ်လ ၂၅ ရက်က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အရေးပေါ် ပြင်ပလူနာဌာနသို့ (မမ-၂၇)၊တိုက်၆ တွင် မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်တွင်နေထိုင်သော အသက်၃၃နှစ်အရွယ် အမေရိကန်နိုင်ငံသား သည် မတ်လ ၅ ရက်နေ့တွင် မိဘများရှိသော အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ သွားရောက်လည်ပတ်ပြီး မတ်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ၊ မတ်လ ၂၁ ရက်နေ့ မှ စ၍ နေအိမ်စောင့်ကြည့် ယူခဲ့ရပြီး မတ်လ ၂၅ ရက်နေ့ ၀၈၀၀ နာရီခန့်တွင် ချောင်းဆိုးပြီး လည်ချောင်းယားလာသဖြင့် ဆေးကုသမှုယူရန် ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတွင် COVID-19 ရောဂါရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ်လ၂ရရက် နံနက် ၁နာရီ၄၅မိနစ်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
၎င်းသည် မန္တလေးမြို့တွင် ပထမဆုံးတွေ့သည် COVID-19 Positive လူနာဖြစ်သည်။
COVID-19 လူနာနေထိုင်ခဲ့သည့်မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် မမ ၂၇ တိုက်နံပတ်၆ကိုလည်း မတ်လ၂ရရက်မှစတင်၍ ဝင်ထွက်သွားလာခွင့်ပိတ်ကာ စောင့်ကြည့်နေခြင်းဖြစ်သည်။















