ကျိုက္ကဆံအားကစားကွင်းကို ပိတ်ထားမည့်အစီအစဉ်ကြောင့် MNL ပွဲစဉ်များကစားရန် ရန်ကုန်မြို့၌လေ့ကျင့်နေသည့် ရခိုင်၊ မကွေးနှင့် ဧရာဝတီအသင်းတို့ လေ့ကျင့်ရေးကွင်းအခက်အခဲကြုံတွေ့

ကျိုက္ကဆံအားကစားကွင်းကို ပိတ်ထားမည့်အစီအစဉ်ကြောင့် MNL ပွဲစဉ်များကစားရန် ရန်ကုန်မြို့၌လေ့ကျင့်နေသည့် ရခိုင်၊ မကွေးနှင့် ဧရာဝတီအသင်းတို့ လေ့ကျင့်ရေးကွင်းအခက်အခဲကြုံတွေ့
Photos: Rakhine United Football Club & Ayeyawady United Football Club
Photos: Rakhine United Football Club & Ayeyawady United Football Club
Published 17 March 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျိုက္ကဆံအား ကစားကွင်းကို ဧပြီလကုန်အထိ ပိတ်ထားရန် စီစဉ်နေသောကြောင့် MNL ပွဲစဉ်များကစား ရန်အတွက် ရန်ကုန်မြို့တွင် လာရောက်လေ့ကျင့်နေရသည့် ရခိုင်၊ မကွေးနှင့် ဧရာဝတီအသင်းတို့အနေဖြင့် လေ့ကျင့်ရေးကွင်း အခက်အခဲကြုံတွေ့နေကြောင်း ရခိုင်ယူနိုက်တက်အသင်း မီဒီယာတာဝန်ခံ ဦးသက်ထူးနိုင်ဦးက ပြောကြားသည်။ 

အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်၏အခြေအနေကြောင့် လူအများစုလာရောက်လေ့ရှိသော ကျိုက္ကဆံအားကစားကွင်းကို ဧပြီလကုန်အထိ ပိတ် ထားရန် စီစဉ်နေခြင်းဖြစ်သည်။ 

ကျိုက္ကဆံ အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်းများကို အပျော်တမ်းအသင်းများက အချိန်ပိုင်းဖြင့် ငှားရမ်းအသုံးပြုကြသလို ပရော်ဖက်ရှင်နယ် ကလပ်အသင်းများကလည်း ငှားရမ်းအသုံး ပြုလျက်ရှိသည်။ ထို့ပြင် ကွင်းအတွင်းသို့ လာရောက်လမ်းလျှောက်သူများ၊ ကျန်းမာရေးလှုပ်ရှားမှုပြုလုပ်သူများဖြင့် စည်ကားသောနေရာဖြစ်သည့် ကျိုက္ကဆံအားကစားကွင်းကို အားကစားနှင့် ကာယပညာဦးစီးဌာနက ယာ ယီပိတ်ထားရန် စီစဉ်နေခြင်းဖြစ်သည်။ 

သို့ ဖြစ်ရာ MNL ပွဲစဉ် (၁၀) နှင့် (၁၁) ကစားရန်အတွက် ရန်ကုန်မြို့တွင် လာရောက်လေ့ကျင့်နေရသည့် ရခိုင်၊ မကွေးနှင့် ဧရာဝတီအသင်းတို့မှာ ဆက်လက်လေ့ကျင့်ခွင့်မရတော့ ကြောင်းသိရသည်။  

''လက်ရှိအချိန်မှာတော့ ကျွန်တော်တို့အသင်းကို လေ့ကျင့်ခွင့်မပေး တော့တဲ့အတွက် လေ့ကျင့်ဖို့နေရာကို ရှာဖွေ နေရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွင်းပိတ်ကစားရမယ့် ပွဲစဉ် (၂)ပွဲအတွက် လက်ရှိ အချိန်မှာတော့ ကျွန်တော်တို့ ရခိုင်အသင်းက လေ့ကျင့်စရာနေရာမရှိဘူးဖြစ်နေတယ်'' ဟု ဦးသက်ထူးနိုင်ဦးက ပြောကြားသည်။ 

ကျိုက္ကဆံအားကစားကွင်းတွင် ရခိုင်ယူနိုက်တက်အသင်းအပြင် ဧရာဝတီ၊ မကွေးနှင့် အား/ကာသိပ္ပံအသင်းတို့ လေ့ကျင့်လျက်ရှိကြောင်း သိရသည်။ 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် MNL ပွဲစဉ် (၁၀) နှင့် (၁၁) ကို ရန်ကုန်မြို့၌ ကွင်းပိတ်ကစားရန် ဆုံးဖြတ်ထားသည်။