စီးရီးအေပွဲစဉ်(၂၄) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ်(၂၄) ပွဲကြိုသုံးသပ်ချက်
Photos : Roma, Atalanta
Photos : Roma, Atalanta
Published 15 February 2020

လက်ချီ နှင့် SPAL (စနေည ၈း၃၀ နာရီ)

လက်ချီက အံ့အားသင့်ဖွယ် နိုင်ပွဲ(၂)ပွဲနဲ့ သူတို့ရဲ့ လုပ်နိုင်စွမ်းကို ပြသခဲ့တယ်။ တန်းဆင်းဇုန်ပြိုင်ဘက် SPAL က တော်တော်လေးအားနည်းတဲ့အသင်းဖြစ်ပြီး လက်ချီအနေနဲ့ ဒီပွဲကနေ (၃)မှတ်ယူဖို့ အာရုံအပြည့်စိုက်ထားလိမ့်မယ်။ ဆာပိုနာရာ၊ လာပါဒူလာတို့ ခြေစွမ်းပြနေတဲ့ လက်ချီပဲ နိုင်သွားလိမ့်မယ်။

ဘိုလော့ဂ်နာ နှင့် ဂျီနိုအာ (စနေည ၁၁း၃၀ နာရီ)

ဘိုလော့ဂ်နာက တိုက်စစ်အစွမ်းနဲ့ ယူရိုပါလိဂ်အိပ်မက်ကို မက်လာနိုင်ပါပြီ။ ခံစစ်မလုံခြုံပေမယ့် တိုက်စစ်အစုအဖွဲ့တစ်ခုလုံးရဲ့ ဂိုးသွင်းနိုင်စွမ်း၊ မွှေနှောက်နိုင်စွမ်းက အဆင့်တစ်ခုမှာ ရှိပါတယ်။ ဂျီနိုအာ ခြေတက်လာပေမယ့် ဘိုလော့ဂ်နာကွင်းမှာ ခက်ခဲလိမ့်မယ်။ ဘိုလော့ဂ်နာပဲ နိုင်သွားမယ်။

အတ္တလန်တာ နှင့် ရိုးမား (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)

အတ္တလန်တာက တစ်ချက်တစ်ချက် ထဖောက်တတ်တာကလွဲလို့ အားကောင်းလွန်းတဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားတယ်။ အီလီချစ်နဲ့ ပါပူဂိုးမက်ဇ်က ဖန်တီးမှု၊ ဂိုးသွင်းမှုတွေအပြင် တိုက်စစ်ခင်းကျင်းပုံမှာပါ ကောင်းကောင်းမောင်းနှင်နိုင်တယ်။ ရိုးမားမှာ ခံစစ်ပြဿနာပေါ်နေတယ်။ ဒါပေမဲ့ အဝေးကွင်းမှာ ရိုးမားရဲ့တိုက်စစ်ဖွင့်ကစားပုံက အလုပ်ဖြစ်တယ်။ အတ္တလန်တာပဲ နိုင်သွားဖို့ရှိပြီး ဂိုးတွေအများကြီး မြင်တွေ့ရနိုင်တယ်။

 

Most Read