ကာတာနာမည်ကြီး ရုပ်သံလိုင်းတစ်ခုဖြစ်သည့် beIN သည် အီတလီစူပါဖလားပွဲစဉ်ကို ဆော်ဒီနိုင်ငံတွင် ကစားနေခြင်းအတွက် စီးရီးအေနှင့် ချုပ်ဆိုထားသည့်စပွန်ဆာစာချုပ်ကို ဖျက်သိမ်းရန် စီစဉ်နေကြောင်း သိရှိရသည်။
ဆော်ဒီနှင့် ကာတာတို့သည် နိုင်ငံရေးကိစ္စနှင့်ပတ်သက်၍ သဘောထားတင်းမာနေသည့် နိုင်ငံများဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတွင်းက ဆော်ဒီနိုင်ငံအတွင်းရှိ beIN ရုပ်သံသတင်းဌာနသည် ခြိမ်းခြောက်ဖျက်ဆီးမှုများခံခဲ့ရသလို နောက်ဆုံးတွင် ပိတ်သိမ်းခဲ့ရ သည်။
beIN သည် ဆော်ဒီအပါအဝင် ဒေသတွင်းနိုင်ငံများတွင် ပရိသတ်အခိုင်အမာရရှိနေသည့် ရုပ်သံကုမ္ပဏီတစ်ခုဖြစ်သော်လည်း နိုင်ငံရေးကိစ္စများတွင် မပြေလည်ခြင်းအပေါ် စီးပွားရေးလုပ်ငန်းတစ်ခုကို တိုက်ခိုက်ခဲ့ခြင်းအတွက် ဆော်ဒီအစိုးရနှင့် ပြည် သူများအား စိတ်ဆိုးဒေါသထွက်ခဲ့ပြီး၊ နောက်ပိုင်းတွင် ဆော်ဒီနှင့် ဆက်ဆံရေးကိုလည်း ဖြတ်တောက်ခဲ့သည်။
ယခုအခါ စီးရီးအေအဖွဲ့ချုပ်က အီတလီစူပါဖလားပွဲစဉ်အား ဆော်ဒီမြေတွင်သွားရောက်ကစားနေလျက်ရှိရာ beIN က ယင်းဆုံးဖြတ်ချက်အပေါ် ဒေါသထွက်နေပြီး စီးရီးအေပွဲစဉ်များပြသခွင့်အတွက် ချုပ်ဆိုထားသည့်စာချုပ်ကိုပါ ဖျက်သိမ်းရန် စီစဉ်နေခြင်းဖြစ်သည်။
beIN သည် စီးရီးအေပြိုင်ပွဲ၏ Global Rights အား ယူရိုသန်း (၅၀၀)အထိပေးထားပြီး စီးရီးအေ၏ အခြားမည်သည့် TV Rights ထက်မဆို တန်ဖိုးကြီးသည့်စာချုပ်ဖြစ်သည်။
ဆော်ဒီအာရေဗျတွင် စူပါဖလားပွဲစဉ်အား (၅)နှစ်အတွင်း (၃)ကြိမ်ကျင်းပခြင်းအတွက် ယူရိုသန်း(၂၀)သာ ရရှိမည်ဖြစ်ကြောင်း သိရသည်။