အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ အာတီတာသည် အူနိုင်းအမ်မရီကို ထုတ်ပယ်ပြီးနောက် လစ်လပ်နေသည့် နည်းပြရာထူးအတွက် အစားထိုးခန့်အပ်ခံရ ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၀ ရက် ညပိုင်းတွင် သုံးနှစ်ခွဲစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။
အာဆင်နယ်အသင်းနည်းပြသစ် အာတီတာက မိမိအနေဖြင့် စိန်ခေါ်မှုများကိုရင်ဆိုင်ရန် အသင့်ဖြစ်နေသဖြင့် နည်းပြရာထူးကို လက်ခံခဲ့ခြင်းဖြစ်ပြီး သွေးနှင့်ရင်း၍ ပေးဆပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ အာတီတာသည် အူနိုင်းအမ်မရီကို ထုတ်ပယ်ပြီးနောက် လစ်လပ်နေသည့် နည်းပြရာထူးအတွက် အစားထိုးခန့်အပ်ခံရ ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၀ ရက် ညပိုင်းတွင် သုံးနှစ်ခွဲစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။
အာဆင်နယ်အသင်းနည်းပြအဖြစ် ပထမဆုံး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အာတီတာက "အသင်းကို ဒီထက်ပိုပြီးကောင်းမွန်လာစေဖို့ ရှိသမျှသွေးတွေအားလုံးနဲ့ရင်းပြီး ပေးဆပ်သွားမှာပါ။ ကျွန်တော့်အနေနဲ့ အိမ်ကိုပြန်လာရသလို ခံစားရပါတယ်။ ဒီအသင်းရဲ့ မန်နေဂျာဖြစ်ခွင့်ရလို့ အရမ်းပျော်သလို ဂုဏ်လည်းယူပါတယ်။ ကျွန်တော်က စိန်ခေါ်မှုတွေအတွက် ပြင်ဆင်ထားပြီး ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ်လို့ မယုံကြည်ရင် ဒီထိုင်ခုံမှာ ထိုင်နေမှာမဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။
ထို့ပြင် အသင်း၏ရည်မှန်းချက်မှာ ဆုဖလားများအတွက် စိန်ခေါ်နိုင်ရေးနှင့် ဥရောပပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်ရရေးဖြစ်ပြီး နိုင်ပွဲရလိုသည့်စိတ်ဓာတ်အပြည့်ဖြင့် ကြိုးစားရန် အားလုံးတွင် တာဝန်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
"အသင်းရဲ့ရည်မှန်းချက်ကတော့ ရှင်းရှင်းလေးပါပဲ။ ဆုဖလားတွေအတွက် စိန်ခေါ်နိုင်ဖို့နဲ့ ဥရောပပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်ရဖို့ပါ။ အားလုံးဆီမှာတော့ လုံလောက်တဲ့အခြေအနေမျိုးရှိမနေပါဘူး။ ကျွန်တော်လေ့လာ ထားသလောက် အဓိကလိုအပ်နေတာက ပြင်းပြတဲ့စိတ်အားထက်သန်မှု၊ တည်ငြိမ်မှု၊ အသင်းရဲ့အစဉ်အလာဖြစ်တဲ့ အောင်ပွဲရလိုစိတ်နဲ့ အံဝင်ခွင်ကျဖြစ်မှုတွေပါပဲ။ အားလုံးရဲ့အပြုအမူက အရေးကြီးပါတယ်။ ပက် (ဂွါဒီယိုလာ) ရဲ့ လုပ်အားနှုန်းက မယုံနိုင်လောက်အောင်ပါပဲ။ နည်းပြအဖွဲ့က သူ့ရဲ့စိတ်ကူးတွေကို ဖြန့်ဝေပေးရပြီး ကစားသမားတွေက ဒါကိုသင်ယူနိုင်ချိန်မှာ ကြံ့ခိုင်တဲ့သူတွေဖြစ်သွားပါတယ်။ ကျွန်တော့်အနေနဲ့ အားလုံးပိုပြီးအဆင်ပြေအောင် ကိုယ်ပိုင်နည်းလမ်းတွေနဲ့ လုပ်ဆောင်သွားမှာပါ။ အဲဒီအတွက် အားလုံးမှာတာဝန်ရှိပြီး ပုန်းရှောင်နေတာမျိုး မဖြစ်စေချင်ပါဘူး။ အားလုံးဆီက စိတ်အားထက်သန်မှုနဲ့ ခွန်အား တွေအသုံးပြုပြီး ပေးဆပ်တာမျိုး လိုချင်ပါတယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် ဒီနေရာနဲ့ အဆင်ပြေမှာမဟုတ်ပါဘူး" ၎င်းက ပြောကြားခဲ့သည်။