အီတလီစူပါဖလားပြိုင်ပွဲ ပွဲကြိုသုံးသပ်ချက်

အီတလီစူပါဖလားပြိုင်ပွဲ ပွဲကြိုသုံးသပ်ချက်
Photo: AP
Photo: AP
Published 22 December 2019

ဂျူဗင်တပ်စ် - လာဇီယို (တနင်္ဂနွေည ၁၁:၁၅ နာရီ)

စူပါဖလားပြိုင်ပွဲသမိုင်းမှာ ဂျူဗင်တပ်စ်နဲ့ လာဇီယိုတို့ (၅) ကြိမ်တွေ့ဆုံထားပြီး ဂျူဗင်တပ်စ်က (၃)ကြိမ်နိုင်၊ (၂)ကြိမ်ရှုံးနဲ့ အနည်းငယ်အသာရထားပါတယ်။ ၂၀၁၇-၁၈ ရာသီကစပြီး လာဇီယိုက ဂျူဗင်တပ်စ်ကို ဒုက္ခအပေးနိုင်ဆုံးအသင်းဖြစ်လာတယ်။ ဒီကာလတွေအတွင်း (၇)ကြိမ် တွေ့ဆုံရာမှာ နှစ်သင်းစလုံး (၃)ပွဲစီနိုင်ပြီး ဂျူဗင်တပ်စ် အသာမရခဲ့ပါဘူ။ လက်ရှိမှာ လာဇီယိုက ပြည်တွင်းမှာ စီးရီးအေ(၈)ပွဲဆက် အနိုင်ကစားထားပြီး အကောင်းဆုံးပုံစံရနေတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်က လာဇီယို ကို အရေးနိမ့်ထားတဲ့ စီးရီးအေပွဲတုန်းက ပုံစံမျိုးမဟုတ်တော့ဘဲ စီရော်နယ်လ်ဒို ဂိုးပြန်မြူးလာတဲ့တိုက်စစ်ပိုင်းက လာဇီယိုကို ဒုက္ခပေးနိုင်ပါတယ်။ ဂျူဗင်တပ်စ် အနိုင်သေချာပါတယ်။

■ ထူးခြားအချက်အလက်များ

- ဂျူဗင်တပ်စ်အသင်းသည် နောက်ဆုံး(၈)နှစ်ဆက်တိုက် စူပါဖလား ကစားရခြင်းဖြစ်သည်။ 

- လာဇီယိုအသင်းမှာလည်း နောက်ဆုံး(၇)နှစ်တွင် (၄)ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။