မော်လမြိုင် ရတနာဘုံမြင့်ကျောင်းတိုက်ကို ၂၀၂၀ ပြည့်နှစ်တွင် အာရှဖွံ့ဖြိုးရေးဘဏ်က မြို့ဟောင်းယဉ်ကျေး မူဖွံ့ဖြိုးရေးအတွက် ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းမည်

မော်လမြိုင် ရတနာဘုံမြင့်ကျောင်းတိုက်ကို ၂၀၂၀ ပြည့်နှစ်တွင် အာရှဖွံ့ဖြိုးရေးဘဏ်က မြို့ဟောင်းယဉ်ကျေး မူဖွံ့ဖြိုးရေးအတွက် ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းမည်
Published 14 December 2019
မောင်မောင်ရွှေမြိုင်

မော်လမြိုင်ကို လေ့လာသူများ၏ ၉၀ ရာနှုန်းလာရောက်ကြည့်ရှုသည့် ရတနာဘုံမြင့်ကျောင်းတိုက်ကို ၂၀၂၀ ပြည့်နှစ်တွင် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) က မြို့ဟောင်းယဉ်ကျေးမူဖွံ့ဖြိုးရေးအတွက် ပညာရှင်များဖြင့်ပြုပြင်ထိန်းသိမ်းမည်ဖြစ်ကြောင်း၊ ဝန်ကြီး ဦးထွန်းမင်းအောင် (မွန်ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဌာန) က ပြောကြားသည်။

“မော်လမြိုင်ကို လာလေ့လာကြတဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားများရဲ့ရာနှုန်း ၉၀ က ရတနာဘုံမြင့်ကျောင်းတိုက်ကို လေ့လာကြတယ်။ Toursise Guide စာအုပ်မှာလေ့လာဖို့ ထည့်သွင်းထားတယ်။ မြန်မာတို့ရဲ့မန္တလေး ဘုရင့်နန်းတော် ဆောင်ပုံစံအတိုင်း လက်ရာ မြောက်ထုလုပ်ထားတဲ့အတွက် တန်ဖိုးထားလေ့လာကြတယ်။ ADB အာရှဖွံ့ဖြိုးရေးဘဏ်က မြို့ဟောင်း ယဉ်ကျေးမှုဖွံ့ဖြိုးမှုတွက် ပညာရှင်တွေနဲ့ရှေးမူမပျက်ထိန်းသိမ်းဖို့ အဆို ပြုထားတယ်။ သူတို့ဆီက ပညာရှင်တွေလာ လေ့လာမည်။ ဆွေးနွေးမယ်ကြမယ်ဆိုတော့ လာမည့် ၂၀၂၀ ပြည့်နှစ်မှာစနိုင်ဖို့ရှိပါတယ်။ ကုန်ကျမည့်ငွေကြေးပိုင်းဆိုင်ရာကို စည်ပင်၊ ဆောက်လုပ်ရေးဝန်ကြီးကသိပါတယ် ” ဟု ဝန်ကြီးဦးထွန်းမင်းဦးအောင်က ပြောကြား သည်။

မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ မှ ဒုအင်ဂျင်နီယာမှူး ဦးတင်ကိုကိုက အာရှ ဖွံ့ဖြိုးရေးဘဏ် ထိန်းသိမ်းမည့်စာရင်းတွင် မွန်ပြည်နယ်အစိုးရရုံးရှေ့ရှိ နာရီစင်ကြီးလည်း ပါဝင်ပြီး ပညာရှင်များကွင်းဆင်းလေ့ လာရန်ရှိကြောင်း ပြောကြားသည်။

 မော်လမြိုင်မြို့ရှိ Old City Tourism အတွက် ထိန်းသိမ်းထားရှိသင့်သည့်အ ဆောက်အအုံဟောင်းများစာရင်းကို၂၀၁၆ ခုနှစ် က ADB စာရင်းပြုစု၍မြန်မာ၊အင်္ဂလိပ်ဘာသာဖြင့်ထုတ်ပြန်ခဲ့ရာတွင် Dr.Judsonuu ၁၉၂၇ ခုနှစ်က တည်ဆောက်ခဲ့သော  First Baptist Church ပါဝင်ရာ ယင်းကို အမေရိကန်ဒေါ်လာ ၁၂၅၀၀၀ နှင့် ပညာရှင် Jeffrey Allen (Program Director) က ၂၀၁၇ ခုနှစ်က ပြုပြင်ထိန်းသိမ်းမူ ပြုလုပ်ခဲ့ပါသည်။

မဟာမဲခေါင်ဒေသ အရှေ့အနောက်စီးပွါးရေးစင်္ကြန် (EWEC) တွင် Old City Tourism အဖြစ်မော်လမြိုင်ကို ထည့်သွင်းထားရာ အဆိုပါ ရတနာဘုံကျောင်းတိုက်ကို ၁၈၈၆ ခုနှစ်တွင် မော်လမြိုင်မြို့မှ သစ်ကုန် သည်ကြီး ဒေါ်ရွှေပွင့်က မန္တလေးနန်းတွင်း ပလ္လင်ပုံစံကို ဝဇီရာရာမဆရာတော်၊ စိန်တုံးမိဖုရားကြီးတို့၏အကူအညီဖြင့် မန္တလေး ဗိသုကာတို့၏လက်ရာနှင့် တည်ဆောက်ခဲ့ရာ အောက်မြန်မာနိုင်ငံတွင် တစ်ခုတည်းသော သက်တမ်း ၁၃၀ ရှိ ရှေးဟောင်းမြန်မာ့ပန်းပု နန်းတွင်းပလ္လင်သည် ထီးဟန်၊နန်းဟန်၊အမျိုး သားယဉ်ကျေးမူအဖြစ် ပြည်ပ၊ပြည်တွင်း ခရီး သွားများ လေ့လာလာမှုများပြားခဲ့ကြောင်း သိရသည်။ 

 

 

Most Read

Most Recent