ပြိုင်ပွဲကျင်းပရေးအဖွဲ့၏ နေ့စဉ်ပြောင်းလဲနေသည့် စည်းကမ်းသတ်မှတ်ချက်များကြောင့် မီဒီယာသမားများ အခက်တွေ့

ပြိုင်ပွဲကျင်းပရေးအဖွဲ့၏ နေ့စဉ်ပြောင်းလဲနေသည့် စည်းကမ်းသတ်မှတ်ချက်များကြောင့် မီဒီယာသမားများ အခက်တွေ့
Photos: EMG
Photos: EMG
Published 4 December 2019

ပြိုင်ပွဲ ကျင်းပရေးအဖွဲ့သည် အထူးသဖြင့် ရုပ်သံမီဒီယာများကို စည်းကမ်းပိုင်းတင်းကျပ်နေပြီး ဘောလုံးပွဲများတွင်လည်း ကိုယ်ပိုင်ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးမှုကိုပင် တားမြစ်လျက်ရှိကြောင်း သိရသည်။

 

ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပနေသည့် တာဝန်ရှိသူများ၏ နေ့စဉ်နှင့်အမျှပြောင်းလဲနေသည့် စည်းကမ်းသတ်မှတ်ချက်များကြောင့် ပြိုင်ပွဲသို့ လာရောက်သတင်းရယူသည့် မီဒီယာများ အခက်အခဲရင်ဆိုင်နေရသလို ဝေဖန်မှုများ လည်း ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။\

ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးကော်မတီ၏လက်အောက်တွင် အားကစားပြိုင်ပွဲအသီးသီး၌ တာဝန်ယူဆောက်ရွက်နေသူများစွာရှိပြီး ၎င်းတို့အနေဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်နေ့နှင့်တစ်နေ့ စည်းကမ်းသတ်မှတ်ချက်များ ထားရှိမှု မတူညီသဖြင့် နိုင်ငံတကာမှ မီဒီယာသမားများ၏ ဝေဖန်မှုထွက်ပေါ်လျက်ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်၍ သတင်းရယူနေသည့် Eleven Media Group မှ အကြီးတန်းအယ်ဒီတာ ကိုအောင်မင်းသန့်က သတင်းပေးပို့ခဲ့သည်။ ပြိုင်ပွဲ ကျင်းပရေးအဖွဲ့သည် အထူးသဖြင့် ရုပ်သံမီဒီယာများကို စည်းကမ်းပိုင်းတင်းကျပ်နေပြီး ဘောလုံးပွဲများတွင်လည်း ကိုယ်ပိုင်ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးမှုကိုပင် တားမြစ်လျက်ရှိ ကြောင်း သိရသည်။

"ကျွန်တော်ကိုယ်တိုင်သွားပြီး သတင်း ရယူနေတဲ့ပြိုင်ပွဲတွေမှာဆိုရင် အထူးသဖြင့် ရုပ်သံမီဒီယာတွေကို စည်းကမ်းပိုင်းတော်တော်လေးတင်းကျပ်တာတွေ့ရတယ်။ ဝူရှူး ပြိုင်ပွဲ ပထမဆုံးနေ့မှာ နိုင်ငံတကာမီဒီယာ တွေကို ကွင်းအရှေ့ဘက်မှာရှိတဲ့ ပွဲကြည့်စင် ပေါ်ကနေ စိတ်ကြိုက်ရိုက်ကူးခွင့်ပေးပေမဲ့ ဒုတိယနေ့ကျတော့ အဲဒီနေရာဘက်ကို လုံးဝအသွားမခံတော့ဘူး။ ဘေးစောင်းအနေ အထားကနေပဲ ရိုက်ကူးခွင့်ပေးတယ်။ နောက်ဆုံးနေ့ကျတော့ အစောပိုင်းမှာ တစ်ဖက်ခြမ်း ပွဲကြည့်စင်ပေါ်ကနေပဲ ရိုက်ဖို့ပြောတယ်။ ခဏကြာတော့ အဲဒီနေရာမှာမရတော့ဘဲ အောက်ဖက်ဆင်းကြဖို့ပြောပြန်တယ်။ မီဒီယာသမားတွေက အရမ်းများပြီး သတ်မှတ်ပေးတဲ့နေရာက ကျဉ်းလွန်းတော့ အချင်းချင်း တွန်းတိုက်မိတာလည်းဖြစ်တယ်။ ဘောလုံး ပွဲမှာဆိုရင်လည်း ပွဲကိုလာကြည့်တဲ့ပရိသတ်တွေက ဖုန်းနဲ့ ဗီဒီယိုရိုက်တာကိုတောင် တစ်ချိန်လုံးတားမြစ်နေတာ တွေ့ရပါတယ်" ဟု ကိုအောင်မင်းသန့်က ပြောကြားခဲ့သည်။

 

Most Read

Most Recent