ဘင်္ဂါလီများကို မောင်းထုတ်ခဲ့မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန်ကိစ္စအပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) က အတည်ပြု

ဘင်္ဂါလီများကို မောင်းထုတ်ခဲ့မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန်ကိစ္စအပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) က အတည်ပြု
Published 15 November 2019
Ref: Reuters

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်လျက် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များကို မောင်းထုတ်ခဲ့မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တရားစွဲဆိုရေးတောင်းဆိုချက်တစ်ရပ်အား အတည်ပြုလိုက်ကြောင်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)  က နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်တွင် မြန်မာတပ်မတော်၏ စစ်ဆင်ရေးတစ်ရပ်ကြောင့် ဘင်္ဂါလီ မွတ်စလင် ၇၃၀,၀၀၀ ကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့သည်။ ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက ယင်းစစ် ဆင်ရေးကို လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကြံ ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ပြော ကြားခဲ့ပြီး မြန်မာနိုင်ငံက ယင်းစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

၎င်းတို့၏ တရားစီရင်ခွင့်အတွင်း ရှိသည်ဟု ICC က ဆိုထားသော်လည်း သဘောတူညီချက် လက်မှတ်ရေးထိုးထားမှုအပေါ် အခြေခံသည့် ICC ကို မြန်မာနိုင်ငံက ထောက်ခံထားခြင်းမရှိသောကြောင့် လူမျိုး တုံးသတ်ဖြတ်မှုဟူသည့် စွပ်စွဲမှုကို ICC က စုံစမ်းစစ်ဆေးမည် မဟုတ်ပေ။

စစ်ရာဇဝတ်မှုများနှင့်ပတ်သက်သည့် ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော အမြဲတမ်း ရာဇဝတ်ခုံရုံးဖြစ်သည့် ICC မှ တရားသူကြီးများက မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် မဟုတ်သော်လည်း နယ်စပ်ကို ဖြတ်ကျော်လျက်  ICC အဖွဲ့ဝင်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း တစ်စိတ်တစ်ပိုင်း ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုများကို စစ်ဆေးရန် ICC က အရေး ပိုင်သည်ဟု ပြောကြားခဲ့သည်။

နိုင်ငံအတွင်းမှ မောင်းထုတ်မှု၊ လူသားဆန်မှုကို ချိုးဖောက်သော ရာဇဝတ်မှုနှင့် တိုင်းရင်းသားလူမျိုးစုဖြစ်ခြင်း (နှင့်/သို့မဟုတ်) ဘာသာရေးအပေါ် အခြေခံလျက် နှိပ်ကွပ်မှုတို့အပါအဝင် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် စနစ်တကျ ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန် တရား စွဲဆိုသူများအား ခွင့်ပြုချက် အာမခံပေးလိုက်ကြောင်း ICC က ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားထားသည်။

မွတ်စလင်လူနည်းစုအပေါ် လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်သည်ဟု စွပ်စွဲထားမှုအ တွက် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင် ရာ တရားရုံး (ICJ) တွင် နိုဝင်ဘာ ၁၁ ရက် က အမှုဖွင့်ခဲ့ပြီးနောက် ဘင်္ဂါလီ မွတ်စလင် များအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူး လွန်သည်ဆိုခြင်းအတွက် ICC သည် ဒုတိယ မြောက် အရေးယူကိုင်တွယ်သည့် နိုင်ငံတကာ တရားရုံးတစ်ခု ဖြစ်လာခဲ့သည်။ (ICJ သည် နိုင်ငံများအကြား အငြင်းပွားမှုများအတွက် ထားရှိသည့် ကုလသမဂ္ဂ၏ ထိပ်တန်းတရားရုံး ဖြစ်သည်)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုလှိုင်းဂယက် နှစ်ကြိမ် ဖြစ်ပေါ်ခဲ့ ပြီးနောက် ဇူလိုင်လ၌ ICC မှ တရားစွဲဆိုသူ ဖာတူးဘင်ဆူဒါသည် ဘင်္ဂလားဒေ့ရှ်ထဲမှ ရာဇဝတ်မှုများကို စစ်ဆေးခွင့်ပြုရန် တရား ရုံး၏ ခွင့်ပြုချက် တောင်းခံခဲ့ခြင်းဖြစ်သည်။

အနည်းဆုံး ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာ ဟု ဖော်ပြ) မွတ်စလင် ၇၀၀,၀၀၀ သည် အကျပ်ကိုင်သည့် လုပ်ရပ်များဖြင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်ခံရ ကြောင်းနှင့် ၎င်းတို့၏ နေရပ်ပြန်ခွင့်ကို ချိုး ဖောက်ခြင်းဖြင့် အကြီးအကျယ် ခံစားရမှု သို့ မဟုတ် ပြင်းထန်သည့် ဒဏ်ရာအနာတရဖြစ်စေခဲ့ကြောင်း ယုံကြည်ရသည့် အကြောင်းတရားအခြေခံရှိသည်ဟု ဘင်ဆူဒါက ပြောကြားခဲ့သည်။

သူ၏ရုံးသည် လွတ်လပ်၍ သမာဓိရှိသော စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ဆောင်ရွက်မည်ဟု နိုဝင်ဘာ ၁၄ ရက်တွင် ကတိပြုခဲ့သည်။

“ဒါဟာ မြန်မာနိုင်ငံနဲ့ တခြားနေရာတွေ မှာ ရက်စက်ကြမ်းကြုတ်မှုခံရသူတွေကို အ ပေါင်းလက္ခဏာသဘောဆောင်တဲ့ အချက်ပြမှုတစ်ရပ် ပေးပို့ဖို့ အရေးပါတဲ့ ဖြစ်ပေါ်တိုး တက်မှုတစ်ရပ်ဖြစ်ပါတယ်။ ကျွန်မရဲ့ စုံစမ်း စစ်ဆေးမှုက အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားမှာပါ” ဟု ဘင်ဆူဒါက ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားထားသည်။

Most Read

Most Recent