ယခုရာသီမှာ မန်စီးတီးတွင် အဂွဲရိုး၏ နောက်ဆုံးရာသီဖြစ်ဖွယ်ရှိပြီးသူ၏နေရာကို အစားထိုးရန် ဂွါဒီယိုလာ စီစဉ်နေ

ယခုရာသီမှာ မန်စီးတီးတွင် အဂွဲရိုး၏ နောက်ဆုံးရာသီဖြစ်ဖွယ်ရှိပြီးသူ၏နေရာကို အစားထိုးရန် ဂွါဒီယိုလာ စီစဉ်နေ
Photos: Getty Images
Photos: Getty Images
Published 10 November 2019

မန်စီးတီးအသင်းတွင် ၂၀၁၁-၁၂ ဘော လုံးရာသီကတည်းက စတင်ကစားခဲ့သူ အဂွဲရိုးသည် အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၂၄၄) ဂိုးရှိသွားခဲ့ပြီးဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားသူ ဖြစ်သည်။ သို့သော် အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သည့် အဂွဲရိုး၏နေရာတွင် အရည်အသွေးရှိလူငယ်တိုက်စစ်မှူးများနှင့် အစားထိုးရန် ဂွါဒီယိုလာက စီစဉ်နေကြောင်းသိရသည်။ 

ယခု ၂၀၁၉-၂၀ ဘောလုံးရာသီမှာ မန်စီးတီးအသင်းတွင် အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုး၏ နောက်ဆုံးရာသီဖြစ်ဖွယ်ရှိပြီး မန်စီးတီး အသင်းနည်းပြ ဂွါဒီယိုလာအနေဖြင့် သူ၏နေရာတွင် အစားထိုးရန် စီစဉ်နေပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Star က ဖော်ပြခဲ့သည်။

မန်စီးတီးအသင်းတွင် ၂၀၁၁-၁၂ ဘော လုံးရာသီကတည်းက စတင်ကစားခဲ့သူ အဂွဲရိုးသည် အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၂၄၄) ဂိုးရှိသွားခဲ့ပြီးဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားသူ ဖြစ်သည်။ သို့သော် အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သည့် အဂွဲရိုး၏နေရာတွင် အရည်အသွေးရှိလူငယ်တိုက်စစ်မှူးများနှင့် အစားထိုးရန် ဂွါဒီယိုလာက စီစဉ်နေကြောင်းသိရသည်။ 

ဂွါဒီယိုလာသည် လက်ရှိ မန်စီးတီးအသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူး၊ အင်္ဂလန် တောင်ပံတိုက်စစ်ကစားသမား စတာလင်တို့ ကို အဂွဲရိုး၏ ဂိုးသွင်းတာဝန်များ မျှဝေပေးခဲ့သော်လည်း အဂွဲရိုး မရှိပါက သူ၏နေရာ ပြန်လည်အစားထိုးမည့် တိုက်စစ်မှူးတစ်ဦးကို ရှာဖွေလျက်ရှိနေကြောင်း Daily Star က ဖော်ပြခဲ့သည်။ 

အဂွဲရိုး၏ လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ် ဇွန်လအထိဖြစ်သော်လည်း ၎င်းအနေဖြင့် ယခုရာသီကုန်တွင် အသင်းကို လမ်းခွဲရဖွယ်ရှိကြောင်း သိရှိရသည်။ အဂွဲရိုးက ကစားသမားဘဝစတင်ခဲ့ရာ အာဂျင်တီးနား ကလပ် အင်ဒီပန်ဒီယန်တေအသင်းတွင် သူ၏ကစားသမားဘဝကို အဆုံးသတ်လိုသည်ဟု မကြာသေးမီက ဝန်ခံပြောကြားထားသည်။

Most Read

Most Recent