အာစင်ဝင်းဂါး၏ ချဉ်းကပ်မှုကို ဘိုင်ယန်မြူးနစ်အသင်း ပယ်ချခဲ့

အာစင်ဝင်းဂါး၏ ချဉ်းကပ်မှုကို ဘိုင်ယန်မြူးနစ်အသင်း ပယ်ချခဲ့
Photo: Getty Images
Photo: Getty Images
Published 8 November 2019

ဘိုင်ယန်မြူးနစ်အသင်းသည် နည်းပြ ရာထူးအတွက် အာစင်ဝင်းဂါး၏ ချဉ်းကပ်မှုကို ပယ်ချခဲ့ကြောင်း သိရှိရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် နည်းပြ ရာထူးအတွက် အာစင်ဝင်းဂါး၏ ချဉ်းကပ်မှုကို ပယ်ချခဲ့ကြောင်း သိရှိရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် နည်းပြ ကိုဗက်ကို ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် ပြန်လည်အစားထိုးရန် နည်းပြသစ် ရှာဖွေနေရာ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးမှာလည်း တစ်ယောက်အပါအဝင်ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ယခုအခါ အာစင်ဝင်းဂါး၏ ချဉ်းကပ်မှုကို ပယ်ချလိုက်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းမှ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက အတည်ပြုခဲ့ခြင်းဖြစ်သည်။ 

၎င်းက "အာစင်ဝင်းဂါးဟာ ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ရူမင်နစ်ဂီဆီကို ဗုဒ္ဓဟူးနေ့က ဖုန်းဆက်ပြီး ဘိုင်ယန်မြူးနစ်နည်းပြရာထူးကို စိတ်ဝင်စားကြောင်း ပြောခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ အာဆင်နယ်အသင်းမှာ အာစင်ဝင်းဂါး လုပ်ဆောင်ခဲ့တာကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ သူ့ကို နည်းပြအဖြစ် ခန့်အပ်ဖို့ စဉ်းစားထားခြင်းမရှိပါဘူး"ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အာစင်ဝင်းဂါး(၇၀ နှစ်)သည် အာဆင် နယ်အသင်းနှင့် လမ်းခွဲပြီးနောက်ပိုင်း ကမ်းလှမ်းမှုများစွာကို ငြင်းဆန်ခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကိုမူ ၎င်းဘက်မှ ချဉ်းကပ်ခဲ့ခြင်းလည်းဖြစ်သည်။ 

ယခုသတင်းကြောင့် မော်ရင်ဟို ဘိုင်ယန်မြူးနစ်နည်းပြဖြစ်လာတော့မည်ဟု ထင်ကြေးပေးမှုများ ပိုမိုမြင့်တက်လာကြောင်းလည်း သိရှိရသည်။

 

Most Read

Most Recent