အကြွေစေ့လှန်သည်ကို စောင့်မျှော်ရသကဲ့သို့ VAR ၏ ဆုံးဖြတ်ချက်များကို မိမိတို့ ရင်တမမဖြစ်နေရသည်ဟု လမ်းပတ် ဝေဖန်

အကြွေစေ့လှန်သည်ကို စောင့်မျှော်ရသကဲ့သို့ VAR ၏ ဆုံးဖြတ်ချက်များကို မိမိတို့ ရင်တမမဖြစ်နေရသည်ဟု လမ်းပတ် ဝေဖန်
Photos: Getty Images & Twitter
Photos: Getty Images & Twitter
Published 4 November 2019

ဘောလုံးပွဲများတွင် VAR ဒိုင်များ ၏ ဆုံးဖြတ်ချက်များကို မိမိတို့အနေဖြင့် အကြွေစေ့လှန်သည်အား စောင့်မျှော် ရသကဲ့သို့ ရင်တမမဖြစ်နေရသည်ဟု ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ဝေဖန်ပြောကြားခဲ့သည်။

ဘောလုံးပွဲများတွင် VAR ဒိုင်များ ၏ ဆုံးဖြတ်ချက်များကို မိမိတို့အနေဖြင့် အကြွေစေ့လှန်သည်အား စောင့်မျှော် ရသကဲ့သို့ ရင်တမမဖြစ်နေရသည်ဟု ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ဝေဖန်ပြောကြားခဲ့သည်။

    

ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အငြင်းပွားဖွယ်ရာဖြစ်ရပ်များကို VAR ဖြင့် ပြန်လည်ကြည့်ရှုစစ်ဆေးကာ ဆုံးဖြတ်ချက်များ ချမှတ်နေသော်လည်း ဒိုင်များ၏ ဆုံးဖြတ်မှုမှာ တစ်သမတ်တည်းမရှိသဖြင့် လမ်းပတ်က ယင်းကဲ့သို့ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကစားခဲ့သော ဘန်လေ (၂-၄) ချယ်လ်ဆီးပွဲစဉ်တွင် ချယ်လ်ဆီးတောင်ပံကစားသမား ဟတ်ဆန်အိုဒွိုင်းမှာ ဘန်လေပယ်နယ်တီဧရိယာအတွင်း လဲကျခဲ့သော်လည်း VAR ဖြင့် ပြန်လည်ကြည့်ရှုစစ်ဆေးပြီးနောက် ဒိုင်လူကြီးက ပယ်နယ်တီအဖြစ်မသတ်မှတ်သည့်အပြင် လဲကျသူ အိုဒွိုင်းကို ဟန်ဆောင်လှဲချသည်ဟုဆိုကာ အဝါကတ်ပြသတိပေးခဲ့သည်။ 



    

စနေနေ့က ကစားခဲ့သော ဝက်ဖို့ဒ် (၁-၂) ချယ်လ်ဆီးပွဲစဉ် ပွဲချိန် မိနစ်(၈၀)၌ ချယ်လ်ဆီးပယ်နယ်တီဧရိယာအတွင်း ဝက်ဖို့ဒ်တောင်ပံကစားသမား ဒယ်လိုဖူ လဲကျခဲ့ရာတွင် VAR က အချိန်ကြာမြင့်စွာ ပြန်လည်ကြည့်ရှုပြီးနောက် ဒိုင်လူကြီး အန်သိုနီတေလာက ဝက်ဖို့ဒ်အသင်းကို ပယ်နယ်တီအဖြစ် သတ်မှတ်ခဲ့သည်။ 

 

သို့ဖြစ်ရာ လမ်းပတ်က "ကျွန် တော်တို့အနေနဲ့ အလွန်ကိုအန္တရာယ်များတဲ့နေရာမှာ ရောက်နေပါပြီ။ ရက် သတ္တပတ်တိုင်း ဘယ်လိုဆုံးဖြတ်ချက်မျိုးနဲ့ ကြုံတွေ့မလဲဆိုတာကို အကြွေစေ့လှန်တာ စောင့်မျှော်နေရသလို ရင်တမမနဲ့ ဖြစ်နေပါပြီ"ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent