(၁၀)နှစ်အတွင်း အဆိုးရွားဆုံးဘွန်ဒစ်လီဂါရလဒ်ကို ကြုံတွေ့ခဲ့ ပြီးနောက် ကိုဗက်အား နည်းပြရာထူးမှဘိုင်ယန်မြူးနစ် ထုတ်ပယ်

(၁၀)နှစ်အတွင်း အဆိုးရွားဆုံးဘွန်ဒစ်လီဂါရလဒ်ကို ကြုံတွေ့ခဲ့ ပြီးနောက် ကိုဗက်အား နည်းပြရာထူးမှဘိုင်ယန်မြူးနစ် ထုတ်ပယ်
Photos: Getty Images
Photos: Getty Images
Published 4 November 2019

ဘွန်ဒစ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် ၎င်းတို့၏ နည်းပြဖြစ်သူ ကိုဗက်အား ရာထူးမှထုတ်ပယ်ခဲ့ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ(၃) ရက်(တနင်္ဂနွေနေ့)က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ဘွန်ဒစ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် ၎င်းတို့၏ နည်းပြဖြစ်သူ ကိုဗက်အား ရာထူးမှထုတ်ပယ်ခဲ့ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ(၃) ရက်(တနင်္ဂနွေနေ့)က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ဘွန်ဒစ်လီဂါပွဲစဉ်တွင် ဖရန့်ဖတ်အသင်းကို အဝေးကွင်း၌ (၁-၅)ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်း၏ ယင်းဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။

ဖရန့်ဖတ်အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးဘွန်ဒစ်လီဂါရလဒ်ကို ကြုံတွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် ၂ဝဝ၉၊ ဧပြီလက ဝုလ်ဖ်ဘတ်အသင်းအား အဝေးကွင်းတွင် (၁-၅)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲ (ယင်း ၂ဝဝ၈-ဝ၉ ရာသီက ဝုလ်ဖ်ဘတ်အသင်းသည် ဘွန်ဒစ်လီဂါချန်ပီယံအဖြစ် ဗိုလ်စွဲခဲ့သည်)နောက်ပိုင်း အဆိုးရွားဆုံးအမှတ်ပေးရလဒ်ကို ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒစ်လီဂါနောက်ဆုံး(၄)ပွဲ၌ (၁)ပွဲသာ အနိုင်ရထားပြီး ပွဲစဉ်(၁၀)အပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ မိုချန်ဂလာဘတ်(၂၂ မှတ်)နှင့် (၄)မှတ်အထိ ကွာဟသွားခဲ့သည်။  

ထို့ပြင် ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ယခုရာသီ ဘွန်ဒစ်လီဂါပွဲစဉ်(၁၀)အပြီးတွင် (၁၆)ဂိုးအထိ ပေးထားရပြီး အမှတ်ပေးဇယားထိပ်ဆုံး(၁၀)သင်းထဲ၌ ပေးဂိုးအများဆုံးအဖြစ် ရပ်တည်နေသည်။

အသက်(၄၈)နှစ်အရွယ်ရှိ ခရိုအေးရှားလူမျိုးနည်းပြ ကိုဗက်သည် ဘိုင်ယန်မြူးနစ်အသင်းကို ပြီးခဲ့သည့် ၂၀၁၈၊ ဇူလိုင်လမှ စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲစုံ (၆၅)ပွဲ ကိုင်တွယ်ရာတွင် (၄၅)ပွဲနိုင်၊ (၁၂) ပွဲသရေ၊ (၈)ပွဲရှုံးရလဒ်ကို ရယူနိုင်ခဲ့သည်။ 

ကိုဗက်သည် ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက ဘွန်ဒစ်လီဂါချန်ပီယံဆုနှင့် ဂျာမန်ဖလားတို့ကို ရယူထားနိုင်ခဲ့သူဖြစ်သည်။ 

သို့သော် ဘိုင်ယန်မြူးနစ်အသင်းမှာ ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှုံးထွက် (၁၆)သင်းအဆင့်၌ပင် လီဗာပူးလ်အသင်းအား ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခဲ့ရခြင်းကြောင့် ကိုဗက်အပေါ် ဖိအားများရှိခဲ့ပြီး အသင်းရလဒ်ယိမ်းယိုင်ချိန်များတွင် သူ၏ အနာဂတ်နှင့်ပတ်သက်သည့်သတင်းများ အစဉ်အမြဲထွက်ပေါ်ခဲ့သည်။ 

    

လက်ရှိအချိန်တွင် ဘိုင်ယန်မြူးနစ်အသင်းသည် ကိုဗက်၏လက်ထောက်နည်းပြဖြစ်သူ ဂျာမန်လူမျိုးနည်းပြဟန်စ်ဖလစ်အား ယာယီနည်းပြအဖြစ် တာဝန်ပေးထားပြီး၊ လာမည့်ဗုဒ္ဓဟူးနေ့တွင် ကစားမည့် အိုလံပီယာကော့စ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်၊ ရှေ့တစ်ပတ် ဒေါ့မွန်အသင်းနှင့်ကစားမည့် ဘွန်ဒစ်လီဂါပွဲစဉ်တို့၌ ၎င်းက အသင်းအား တာဝန်ယူရမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

Most Read

Most Recent