အက်စ်တာနာနှင့်ပွဲအတွက် ပရိသတ်များကို မန်ယူအသင်း အခမဲ့ပို့ဆောင်ပေးမည်

အက်စ်တာနာနှင့်ပွဲအတွက် ပရိသတ်များကို မန်ယူအသင်း အခမဲ့ပို့ဆောင်ပေးမည်
Photos: Getty Images
Photos: Getty Images
Published 3 November 2019

အက်စ်တာနာအသင်းနှင့် အဝေးကွင်းပွဲသွားရောက်ကြည့်ရှုရန် လက်မှတ်ဝယ်ယူထားသူများနှင့် တစ်ရာသီစာလက်မှတ် ဝယ်ယူထားသူများအတွက် အခမဲ့ပို့ဆောင် ပေးမည်ဖြစ်ကြောင်း မန်ယူအသင်းက ကြေ ညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

 

မန်ယူအသင်းသည် ကာဇက်စတန်ကလပ် အက်စ်တာနာအသင်းနှင့်ကစားရမည့် ယူရိုပါလိဂ်အဝေးကွင်းပွဲအတွက် လက်မှတ်ဝယ်ယူထားသည့် ပရိသတ်များကို အခမဲ့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ မိတ်ဖက်အဖြစ် လုပ်ကိုင်နေသည့် ဗြိတိန်အခြေစိုက် Thomas Cook Group ခရီးသွားအေဂျင်စီကုမ္ပဏီသည် ဘဏ္ဍာရေး ပြဿနာကြောင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဒေဝါလီခံခဲ့ရကြောင်း သိရသည်။ သို့ဖြစ်ရာ အက်စ်တာနာအသင်းနှင့် အဝေးကွင်းပွဲသွားရောက်ကြည့်ရှုရန် လက်မှတ်ဝယ်ယူထားသူများနှင့် တစ်ရာသီစာလက်မှတ် ဝယ်ယူထားသူများအတွက် အခမဲ့ပို့ဆောင် ပေးမည်ဖြစ်ကြောင်း မန်ယူအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် အခြားဥရောပပွဲစဉ်များအတွက်လည်း ပရိသတ်များ ခရီးသွားလာရေး ရေရှည်အဆင်ပြေမည့်နည်းလမ်းများ ရွေးချယ်ရန် ဆောင်ရွက်နေကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။ အက်စ်တာနာနှင့် မန်ယူအသင်းတို့၏ပွဲကို နိုဝင်ဘာ ၂၈ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

Thomas Cook Group ခရီးသွားအေဂျင်စီကုမ္ပဏီ သည် လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီး စသည့် ပရီးမီးယားလိဂ်ထိပ်တန်းကလပ်များနှင့်လည်း မိတ်ဖက်အဖြစ် စာချုပ်ချုပ်ဆိုထားသည်။